ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေးအမြင့်ဆုံးနောက်တန်းကစားတစ်ဦးလည်းဖြစ်ပါတယ်။

နည်းပြဂျာဂင်ကလော့ပ်အနေနဲ့ ဗန်ဒိုက်ချ်ရဲ့ ဦးဆောင်နိုင်မှုပုံစံကောင်းကြောင့် တတိယအသင်းခေါင်းဆောင်ရာ ထူးကို ပေးအပ်ထားခဲ့ပြီးဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်နောက်ခံလူတစ်ဦးဖြစ်သူ ဗန်ဒိုက်ချ်က အပြောင်းအရွှေ့ကာလအတွင်း လီဗာပူးအသ င်းကို ရွေးချယ်ခဲ့ခြင်းက အသင်းဖော်၊ ကစားပုံတွေကိုအခြေခံပြီးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကစားပုံအရအံမဝင် နိုင်ဘူးလို့ ခံစားမိတဲ့အတွက် မန်စီးတီးအသင်းကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း BT Sports နဲ့ပြုလုပ်ခဲ့တဲ့အင်တာ ဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂရိုနင်ဂျန်၊ ဆဲလ်တစ်အသင်းတို့နဲ့အတူ ကစားသမားဘဝစတင်ခဲ့တဲ့ ဗန်ဒိုက်ချ်အနေနဲ့ ဆောက်သမ်တန်အသင်း ကို ရောက်ရှိခဲ့ချိန်မှာတော့ ခြေစွမ်းပြကစားနိုင်မှုများကြောင့် ထိပ်တန်းအသင်းကြီးအများစုရဲ့စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီးနောက် လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့သူလည်းဖြစ်ပါတယ်။



“ လီဗာပူးအသင်းကိုရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာ မှန်ကန်ခဲ့တယ်လို့ထင်ပါတယ်။ ထိပ်တန်းအသင်းကြီးတွေရဲ့က မ်းလှမ်းမှုကို ရတဲ့အချိန်တကယ်ကိုစိတ်လှုပ်ရှားခဲ့ရတာပါ။ ချန်ပီယံလိဂ်ရခဲ့တာကတော့ဆုလာဘ်တစ်ခုလိုပဲ ပြောချင်ပါတယ်။ ကစားပုံအရအံဝင်ဖို့မဖြစ်နိုင်တာကြောင့်လည်း မန်စီးတီးကို မရွေးချယ်ဖြစ်ခဲ့တာပါ ” လို့ ဗန် ဒိုက်ချ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဗန်ဒိုက်ချ်ရဲ့အပြောင်းအရွှေ့အခြေအနေက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတွေအတွင်း စိတ်လှုပ်ရှားစရာအခို က်အတံ့ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီအသင်းနှစ်သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးအသင်းတို့က အပြိုင်ကမ်းလှ မ်းမှုတွေပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးအမြင့်ဆုံးနောက်တန်းကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဗန်ဒိုက်ချ်အနေနဲ့ လီဗာပူး အသင်းကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနိုင်မှုများကြောင့် အဓိက,ကစားသမားအဖြစ်ပွဲထွက်ခွင့်ရခဲ့သလို ချန်ပီယံလိဂ်တွင်လည်း အောင်မြင်မှုရရှိခဲ့တဲ့အတွက် ကမ္ဘာ့အကောင်းဆုံးဆန်ကာတင် ၃ဦးစာရင်းဝင်ခဲ့သလို ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခြင်းခံခဲ့ရပါသေးတယ်။



က္က