စပါးတိုက်စစ်မှူးကိန်းကတော့ ကွာရန်တင်းဝင်နေရပါပြီ။
Kyaw Ko Ko Sint

သြဂုတ်လ ၂၉မှာ အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကစားရမှာ ဖြစ်ပြီး အစိုးရသဘောထားနဲ့အညီ အက်ဖ် အေက ကွာရန်တင်း မဝင်ဖို့ ကင်းလွတ်ခွင့်ပြုလိုက်တာပါ။

ယူကေ အပြင်ကနေ လာတဲ့သူမည်သူမဆို ကွာရန်တင်းဝင်ရမယ်လို့ အစိုးရထုတ်ပြန်ချက်ရှိပေမယ့်လည်း လီဗာပူး အသင်းကတော့ သြစတြီးယားလေ့ကျင့်ရေးခရီးကနေ ပြန်လာပြီးနောက် ကွာရန်တင်း ဝင်စရာမလိုဘူးလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

လီဗာပူးအသင်းကိုတော့ အစိုးရရဲ့သဘောထားနဲ့အညီ အက်ဖ်အေက မနေ့ညကပဲ ကွာရန်တင်းမဝင်စေဖို့ ခွင့်ပြု လိုက်တာလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ သြစတြီးယားမှာ စတုဂတ်၊ဆဲလ်ဘတ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ကစားမှာ ဖြစ်ပြီး အဆိုပါ ပွဲတွေကိုတော့ အက်ဖ်အေရဲ့ ခွင့်ပြုချက်နဲ့ ကစားမှာ ဖြစ်ပါတယ်။

ခွင့်ပြုချက်သာ မရဘူးဆိုရင် လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်ကို ပယ်ဖျက်ဖွယ်ရှိသလို ပြန်လာရင်လည်း ကွာရန်တင်းဝင်ရမှာပါ။

လီဗာပူးအသင်းအနေနဲ့ ပြန်ရောက်လာပါက လာမယ့် သြဂုတ်လ ၂၉မှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအတွက် လေ့ကျင့်ရေးကို သေချာပေါက် ဆက်လက်ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘဟားမားစ်ကနေအပန်းဖြေသွားပြီး ပြန်လာချိန်မှာတော့ ယူကေ အစိုးရ ဥပဒေအရ ကွာရန်တင်း ဝင်နေရတယ်လို့လည်းသိရပါတယ်။


Author


က္က