ရှုံးပွဲမရှိစံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
Pyae Phyo Thein

လီဗာပူးလ်အနေနဲ့ ပြိုင်ဘက်အသင်းကို တော်တော်လေးကွာဟချက်ကြီးမားတဲ့ ရမှတ်ကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ရာနှုန်းပြည့်နီးပါး သေချာလာခဲ့ပြီဖြစ်ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းဟာ ဝက်စ်ဟမ်းကို အနိုင်ကစားပြီး အမှတ်ပေးဇယားကို ၁၉မှတ်ဖြတ်ကာ ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ လီဗာပူးလ်အနေနဲ့ ပြိုင်ဘက်အသင်းကို တော်တော်လေးကွာဟချက်ကြီးမားတဲ့ ရမှတ်ကို ဖြတ်တောက်ခဲ့တာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ရာနှုန်းပြည့်နီးပါး သေချာလာခဲ့ပြီဖြစ်ပါတယ်။ 

Opta Joe ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ဒီရာသီမှာ ပရီးမီယားလိဂ်ပြိုင်ဘက် ၁၉ သင်းစလုံးကို အနိုင်ယူနိုင်ခဲ့ပြီလို့လည်း သိရပါတ်။ ဒါဟာ သူတို့အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ၂၄ ပွဲကစားပြီးချိန်မှာ ၂၃ပွဲအနိုင်ရကာ တစ်ပွဲသရေကျပြီး ရှုံးပွဲမရှိစံချိန်ကို ပို်င်ဆိုင်နေတာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းမွန်နေတာလည်းဖြစ်ပါတယ်။ အမှတ်ပေးဖလားကို ၁၈ ကြိမ်ဆွတ်ခူးထားတဲ့ လီဗာပူးလ်အနေနဲ့ ၁၉ ကြိမ်မြောက် ဆွတ်ခူးဖို့ အကောင်းဆုံးအနေအထားတွေကို ရယူနိုင်ဃဲ့ကာ ရှုံးပွဲမရှိစံချိန်နဲ့ ဗိုလ်စွဲနိုင်ဖို့အထိ မျှော်လင့်နိုင်ပြီလည်းဖြစ်ပါတယ်။ 

ဆက်စပ်ထူးခြားမှတ်တမ်းအဖြစ် လီဗာပူးလ်တိုက်စစ်မှူးဆာလာက ဝက်စ်ဟမ်းဘက်ကို အနိုင်ဂိုးတစ်ဂိုးသွင်းယူပြီးနောက် ၂၀၁၇-၁၈ ဘောလုံးရာသီက စတင်ကာ တစ်ပွဲတည်းမှာ သွင်းဂိုးရော၊ ဖန်တီးပေးမှုပါ ၁၄ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ရာသီနဲ့ လက်ရှိရာသီအတွင်း ဘယ်ကစားသမားထက်မဆို ငါးကြိမ်အထိ အသာစီးရရှိခဲ့တာလို့လည်း သိရပါတယ်။ 


Author


က္က