ဒီနှစ်မှာ ယူနိုက်တက်အတွက် တစ်ဦးလျှင် ၂ ဂိုးစီသွင်းပေးထားနိုင်ပါပြီ။

ဘယ်သူက ဂိုးတွေ ပိုသွင်းနိုင်လဲဆိုတာ တိုင်းတာခြင်း ခံနေရတယ်လို့ မာရှယ်က ပြောလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့အန်တိုနီမာရှယ်တို့ကတော့ လက်ရှိလိဂ် ၂ ပွဲကစားပြီးချိန်မှာတော့ တစ်ဦးကို ၂ ဂိုးစီ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။



ဒီအချိန်မှာတော့မိမိတို့ နှစ်ဦးဟာ တိုက်စစ်မှာ အတူတွဲဖက် ကစားနေပေမယ့် လေ့ကျင့်ကွင်းမှာတော့ ဘယ်သူက ပိုသွင်းနိုင်မလဲ ပြိုင်နေကြတယ်လို့ မာရှယ်က ထုတ်ဖော်ပြောလာတဲ့အကြောင်း Metro.com သတင်းဌာနကဖော်ပြလာပါတယ်။

ယူနိုက်တက် ပရိသတ်တွေနဲ့အားကစားသုံးသပ်တွေကတော့ သူတို့နှစ်ဦးသားဟာ ကွင်းလယ်မှာ တွဲဖက် ကစားရင် ပိုမို အလုပ်ဖြစ် လိမ့်မယ်လို့ သတ်မှတ်ကြသလို မာရှယ်ကလည်း ရက်ရှ်ဖို့နဲ့ တိုက်စစ်မှာ တွဲကစားလို့ အဆင်မပြေဘူးလို့ ပြောလာပါတယ်။

“လေ့ကျင့်ရေးမှာဆို ဂိုးတွေ အပြိုင်သွင်းပြီး ပြိုင်ဆိုင်နေရပါတယ်၊ ကျွန်တော်တို့နှစ်ဦးကြားမှာ ဘယ်သူက ဂိုးပို သွင်းနိုင်လဲဆိုတာကို တိုင်းတာခြင်း ခံနေရပါတယ်။ ဘယ်သူနိုင်သွားလဲဆိုတာ နက်နဲပါတယ်၊ တစ်ခါတရံ သူ ပေါ့၊တစ်ခါတရံ ကျွန်တော်ပေါ့။ပွဲမှာတော့ ရက်ရှ်ဖို့်က ကျွန်တော်တို့လို အလယ်မှာ ကစားနိုင်ပါတယ်။”လို့ မာရှယ်က Sky Sports သတင်းဌာနကိုပြောသွားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့် အပတ်မှာ ပဲလေ့စ်အသင်းနဲ့ ကစားရဖို့ ရှိနေပြီး လိဂ် ၂ ပွဲ ကစားပြီးချိမှာတော့ တစ်ပွဲနိုင် တစ်ပွဲသရေကျထားပါတယ်။

Share

Loading Next Article...
က္က