စီနီယာအသင်းအတွက် ပထမဆုံး ခေါ်ယူခြင်းခံရတာပါ။
Kyaw Ko Ko Sint

ခြေစွမ်းပြခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက နိုင်းစ်ကို ရောင်းထုတ်ဖို့စီစဥ်နေပြီး အနည်းဆုံး ပေါင်သန်း ၂၀ သတ်မှတ်ထားကာ ဝုလ်အသင်းက စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်အသင်းက လီဗာပူးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွန်မြူနတီဒိုင်းချန်ပီယံ ဆွတ်ခူးနိုင်ခဲ့တဲ့ ပွဲမှာ အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ အာဆင်နယ် ညာနောက်ခံလူ မစ်လန်နိုင်းစ်ကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင်အသင်းအတွက် ပထမဆုံးခေါ်ယူလိုက်ပါတယ်။

နိုင်းစ်ကတော့ အင်္ဂလန် ယူ-၁၇အသင်းနဲ့အတူ အသက်၂၀အောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးသူ ဖြစ်ပြီး စီနီယာအသင်းအတွက်တော့ ပထမဆုံး ကိုယ်စားပြုခွင့်ရလာတာပါ။

တိုက်ဆိုင်စွာပဲ ကွန်မြူနတီဒိုင်းရချိန်နဲ့ လက်ရွေးစင်အသင်းရဲ့ အခေါ်ခံရချိန်မှာ သူ့ရဲ့ အသက်ကလည်း ၂၃နှစ်ပြည့် မွေးနေ့အချိန်နဲ့ တိုက်ဆိုင်နေတာကလည်း နိုင်းစ်အတွက် ဝမ်းသာပီတိဖြစ်စရာပါ။

ဒါပေမယ့်လည်း နိုင်းစ်ကိုတော့ အာဆင်နယ်အသင်းက ရောင်းချဖို့ စီစဥ်နေပြီး အကြောင်းကတော့ အသင်းမှာ သူ့နေရာကစားတဲ့ အဓိက ကစားသမားတွေဖြစ် ဘယ်လာရင်ရှိနေတာကြောင့် ပုံမှန်နေရာမပေးနိုင်တဲ့အတွက် ရောင်းချပေးသွားမှာလို့လည်းသိရပါတယ်။

သူ့ကိုတော့ ဝုလ်အသင်းက စိတ်ဝင်စားနေပြီး အနည်းဆုံး အာဆင်နယ်အသင်းက ပေါင်သန်း ၂၀ အလိုရှိတယ်လို့ စျေးနှုန်းသတ်မှတ်ထားပါတယ်။

အင်္ဂလန်အသင်းကတော့ လာမယ့် စက်တင်ဘာ ၅ရက်နေ့မှာ အိုက်စလန်၊၈ရက်နေ့မှာ ဒိန်းမတ်အသင်းတို့နဲ့ နေးရှင်းလိဂ်ပွဲစဥ်တွေအဖြစ် ကစားဖို့ရှိနေတာပါ။


Author


က္က