ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ပြီး မရေရာ မသေချာ ဖြစ်နေသေးတဲ့အတွက်ကြောင့်ပါ။

အနောက်မြောက်လန်ဒန်ရဲ့တားမြစ်ကန့်သတ်ချက် စည်းမျဥ်းအသစ်တွေကို လာမယ့် သြဂုတ်လ ၁၅ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်တာနဲ့ ပတ်သက်ပြီး မရေရာ မသေချာ ဖြစ်နေသေးတဲ့အတွက် မူလက ကွန် မြူနတီဒိုင်းပွဲစဥ်မှာပရိသတ်တွေကို ကွင်းအတွင်း ပြန်လည်ကြည့်ရှုခွင့်ပြုမယ်လို့ ဆုံးဖြတ်ထားမှုကို အက်ဖ်အေက ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



သြဂုတ်လ ၂၉ရက်နေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးနဲ့ အက်ဖ်အေဖလား ချန်ပီယံအာဆင်နယ် အသင်းတို့ရဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီအဖွင့် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို မူလက ပရိသတ်တွေ ဝင်ရောက်ကြည့်ရှု ခွင့်ပြုနိုင်ရေး လုပ်ဆောင်ထားတာပါ။

ဒါပေမယ့်လည်း ယခုလအစောပိုင်းတုန်းက အခြားသော အားကစားနည်းတွေဖြစ်တဲ့ ခရစ်ကတ်၊ကားမောင်းပြိုင်ပွဲ၊ စနူကာ အစရှိတဲ့ ပြိုင်ပွဲတွေ ပျက်ပြယ်သွားတဲ့အတွက် အက်ဖ်အေကလည်းအခုလို သတ်မှတ်လိုက်တာလို့သိရပါ တယ်။

ဗြိတိန်ရဲ့ ဒစ်ဂျစ်တယ်ယဥ်ကျေးမှု၊မီဒီယာနှင့်အားကစားဌာနက အနောက်မြောက်ပိုင်းရဲ့ ပြည်တွင်းကန့်သတ်ချက် တွေကို လာမယ့် သြဂုတ်လ ၁၅ရက်နေ့မှာထုတ်ပြန်မယ်လို့လည်းသိရပါတယ်။

အဲ့ဒီနေ့မှာမှ ပြိုင်ပွဲကျင်းပခွင့်နဲ့ ပတ်သက်ပြီး ခွင့်ပြုလာခဲ့ရင်တော့ အက်ဖ်အေအနေနဲ့ လုံလောက်အောင် ပြင်ဆင် ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

မူလက ပရိသတ်တွေကို သြဂုတ်လ ၁ရက်နေ့ကစတင်ကာ စာရင်းပေးသွင်းစေပြီး ဝင်ဘလေကွင်းဝင်ဆံ့တဲ့ အင်အားရဲ့ ၄ပုံ၁ပုံခန့်(၂၂၄၅၀၀)ကို ကွင်းအတွင်း ဝင်ရောက်အားပေးနိုင်ရန် စီစဥ်ထားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က