ဒီနေ့ည ၁၀ နာရီမှာ ယှဉ်ပြိုင်သွားကြတော့မှာပါ။
Pyae Phyo Thein

ဒီနေ့မှာတော့ ပရီးမီးယားလိဂ်ရာသီသစ်အကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ကစားတော့မှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ် နဲ့ အက်ဖ်အေဖလားချန်ပီယံအာဆင်နယ်တို့ ကစားသွားကြမှာဖြစ်ပြီး ရာသီသစ်အတွက် စိတ်ခွန်အားရယူဖို့အတွက်ရော၊ ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အသင်းလိုက်ကစားကွက်ကိုပါ သိမြင်နိုင်မယ့်ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး ထူးခြားတဲ့ အကြောင်းအရာအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

- ဒီပွဲဟာ လီဗာပူးလ် နဲ့ အာဆင်နယ်တို့အတွက် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ လေးကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာပါတယ်။ ၁၉၇၉ ၊ ၁၉၈၉ နဲ့ ၂၀၀၂ တို့မှာ ရင်ဆိုင်ခဲ့ဖူးပြီး ပထမဆုံးနှစ်ပွဲမှာ လီဗာပူးလ်က အနိုင်ရပြီး နောက်ဆုံးပွဲမှာ အာဆင်နယ်က အနိုင်ရရှိထားခဲ့လို့ ထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးလ်က အသာရရှိထားပါတယ်။


- လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်နဲ့ ကွန်မြူနတီဒိုင်းပွဲကို ပထမဆုံးအကြိမ်ကစားခွင့်ရရှိတာဖြစ်ပါတယ်။ 


- ၁၉၈၉ ခုနှစ်က ကွန်မြူနတီိဒိုင်းပွဲမှာ လီဗာပူးလ်က ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သူတို့နှစ်သင်းက ဝင်ဘလေမှာ ပထမဆုံးရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ 

- လီဗာပူးလ်တိုက်စစ်မှူးမာနေးဟာ ၂၀၁၄ တုန်းက ဆောက်သမ်တန်မှာကစားခဲ့ပြီး သူ့ရဲ့ပထမဆုံးအင်္ဂလန်ဘောလုံးပွဲက အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီကတည်းကစတင်ပြီး သူဟာ အာဆင်နယ်ကို ၆ ဂိုးအထိ ပြိုင်ပွဲစုံမှာ သွင်းယူထားနိုင်ခဲ့ပြီး ပဲေ့လစ် (၉ ဂိုး) ပြီးရင် သူ ဂိုးအသွင်းနိုင်ဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ 


- ၂၀၁၉ မှာ မန်စီးတီးက အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးပြီး ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်ခဲ့တာကလွဲရင် ကျန်တဲ့ နောက်ဆုံးဘောလုံးရာသီငါးရာသီမှာ အက်ဖ်အေဖလားချန်ပီယံအသင်းက ကွန်မြူနတီဒိုင်းကို လေးကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ ၃ ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး ၂၀၁၄၊ ၂၀၁၅ နဲ့ ၂၀၁၇ တို့မှာဖြစ်ပါတယ်။ 

- ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံး ၉ ပွဲကစားခဲ့ရာမှာ အာဆင်နယ်က ၇ ကြိမ်အထိအနိုင်ရရှိခဲ့ပြီး ၃ကြိမ်ဆက်တိုက်ရရှိမှုက တစ်ကြိမ်ပါဝင်ခဲ့ပါတယ်။ 


- ပြီးခဲ့တဲ့ ဘောလုံးရာသီ ၁၀ ရာသီမှာ ကွန်မြူနတီဒိုင်းကို ရယူနိုင်ခဲ့တတဲ့ အသင်းတွေကိုကြည့်မယ်ဆိုရင်တော့ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ်တို့ အသင်းသုံးသင်းသာ ရှိခဲ့ပြီး ယူနိုက်တက်က ၄ကြိမ်၊ မန်စီးတီးက ၃ ကြိမ်နဲ့ အာဆင်နယ်က ၃ ကြိမ်ဖြစ်ပါတယ်။ 


Author


က္က