အသင်းနဲ့အတူ တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ယူနိုက်တက်မှာ နောက်ထပ် ၃ နှစ် ဒါမှမဟုတ် ၄ နှစ်အထိ ဆက်လက်ကစားမယ်လို့လည်း အရိပ်အမြွက်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။


ယူနိုက်တက်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ ရော်နယ်ဒိုဟာ မနေ့က အသင်းနဲ့အတူ လက်မှတ်ရေးထိုးမှုတွေပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ ပေါင်သန်း ၂၀ နဲ့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိမှုအတွက် လုပ်ဆောင်ရမယ့်အရာအားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်ကာ ၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် သဘောတူညီချက်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ ယူနိုက်တက်မှာ နောက်ထပ် ၃ နှစ် ဒါမှမဟုတ် ၄ နှစ်အထိ ဆက်လက်ကစားမယ်လို့လည်း အရိပ်အမြွက်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ရော်နယ်ဒိုဟာ ကစားသမားဘဝအနားယူချိန်ကို သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့၊ စင်တင်ပေးခဲ့တဲ့ အိုးထရက်ဖို့ဒ်မှာပဲ ကုန်ဆုံးဖွယ်ရှိနေပြီး မေဂျာလိဂ်ကို သွားကစားမယ်ဆိုတဲ့ သတင်းတွေက မှေးမှိန်သွားခဲ့ပြီဖြစ်ပါတယ်။ 

MUTV ကတဆင့် အသင်းဖော်ဟောင်းဝက်စ်ဘရောင်းနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက "ဒီကိုရောက်လာတာ အားလပ်ရက်အပန်းဖြေဖို့မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီဂျာစီကို ဝတ်ဆင်ပြီး အရေးပါတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခုလည်း အဲဒီလိုအောင်မြင်မှုတွေကို နောက်တစ်ကြိမ်ရယူဖို့ ပြန်ရောက်လာခဲ့တာပါ၊ ကျွန်တော်နဲ့ ကျွန်တော့်အသင်းဖော်တွေမှာ လုပ်နိုင်စွမ်းရှိပါတယ်၊ ကျွန်တော် ကစားဖို့အသင့်ဖြစ်နေပါပြီ"

"ကျွန်တော့်အတွက်လည်း အခွင့်အရေးကောင်းတစ်ခုပါ၊ ပရိသတ်တွေ၊ ကလပ်အသင်း၊ ကျွန်တော့်အတွက် ရှေ့ကိုခြေတလှမ်းအသာစီးရယူဖို့ အခွင့်ကောင်းပါ၊ ကျွန်တော်အသင့်ဖြစ်နေပြီဖြစ်ပြီး နောက်ထပ် ၃ နှစ် ဒါမှမဟုတ် ၄ နှစ်လောက်အထိ အရေးပါတဲ့ကစားသမားဖြစ်နေမယ်လို့ ထင်ပါတယ်၊ ဒီမှာအနိုင်ယူဖို့အတွက်ရှီနေပါတယ်၊ ဒီမတိုင်ခင် အသက်အရွယ်အကြောင်း လူတွေပြောနေပေမယ့် သူတို့နားလည်သင့်တာက ကျွန်တော်က အခြားသူတွေနဲ့မတူဘူးဆိုတာပါ"

"ဒါကိုလည်း အချိန်တိုင်း ကျွန်တော်ပြခဲ့ပြီးပါပြီ၊ ကောင်လေးတွေနဲ့လည်း အတူတူလုပ်နိုင်မယ်လို့ ရာနှုန်းပြည့်ယုံကြည်ပါတယ်၊ ကျွန်တော့်အသင်းဖော်တွေ၊ ပရိသတ်တွေကလည်း ကျွန်တော်တို့ဘက်မှာရှိနေမှာပါ" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ မနက်ဖြန်ကစားရမယ့် နယူးကာဆယ်နဲ့ပွဲမှာလည်း ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားတယ်လို့လည်း ရော်နယ်ဒိုက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 



က္က