loading...

loading...

loading...

၁၂ လ သက်တမ်းတိုးသွားမှာဖြစ်ပါတယ်။
Kg Htet

ချယ်ဆီးကြယ်ပွင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ ပွဲကစားချိန်မရှိခြင်းကြောင့် စိတ်ပျက်နေခဲ့တယ်ဆိုရင်တောင်မှ လာမယ့်ရာသီ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ဆက်လက်ရှိနေမှာဖြစ်ကြောင်း နည်းပြဆာရီက ပြောကြားခဲ့ပါတယ်။

ယခုအပတ်မှာ ဂီရော့ဒ်က ၎င်းအနေနဲ့ တိုက်စစ်မှာ ဟီဂူအင်နဲ့ ဟာဇက်တို့နောက်မှာ ပွဲထွက်ကစားနေရတာကို မပျော်မရွှင်ဖြစ်နေကြောင်း ဝန်ခံပြောကြားခဲ့ပြီး ယခုရာသီအစကနေ လက်ရှိအချိန်အထိ ၇ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂီရော့ဒ်ဟာ ပြင်သစ်ကို ပြန်ပြီး လိုင်ယွန်အသင်းအတွက် ကစားပေးမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကို ခံယူရမယ်ဆိုရင် ကစားသမားသစ် ခေါ်ယူနိုင်ခြင်းရှိမှာမဟုတ်တဲ့အတွက် အပြောင်းအရွှေ့ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။

ချယ်ဆီးအသင်းနည်းပြ ဆာရီက အသင်းအနေနဲ့ ဂီရော့ဒ်ကို ထိန်းသိမ်းလိုနေတယ်လို့ ပြောကြားခဲ့ပြီး ဂီရော့ဒ်ရဲ့စာချုပ်ပါ နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ကို အရယူသွားဖို့လည်း ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“သူက သေချာပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ထားလို့ပါ။ နောက် ရာသီအထိပေါ့”

“ကျွန်တော် ပြီးခဲ့တဲ့ ၂ ရက်လောက်တုန်းက အသင်းနဲ့စကားပြောခဲ့တယ်။ ရွေးချယ်ခွင့်ကို အသုံးပြုဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ အဲဒီတော့ သူ ဆက်ပြီးရှိနေပါလိမ့်မယ်”

“သူ ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် အသင်းနဲ့ မာရီနာနဲ့ လွန်ခဲ့တဲ့ ၂ ရက်က စကားပြောခဲ့ပါတယ်။ အိုလီဗီယာဟာ ကျွန်တော်တို့နဲ့ ရှိနေမှာဖြစ်ပြီး ဒီမေးခွန်းနဲ့ပတ်သက်ပြီး သူမ(မာရီနာ)က ကျွန်တော့်ကို ဘာမှမပြောခဲ့ပါဘူး”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က