loading...

loading...

loading...

ယူရိုသန်း ၁၀၀ နဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
Kg Htet

ရီးရဲမက်ဒရစ်အသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ အီဒင်ဟာဇက်ရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ တရားဝင်ထုတ်ပြန်ကြေညာသွားမယ်လို့ Marca ရဲ့သတင်းအရ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ် အီဒင်ဟာဇက်ကို ချယ်ဆီးအသင်းကနေ ခေါ်ယူနိုင်ဖို့အတွက် ယူရိုသန်း ၁၀၀ ပေးချေသွားမယ်လို့ သိရပြီး စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်သာလိုတော့တဲ့ကစားသမားအတွက် ချယ်ဆီးအသင်းရရှိမယ့် ယူရိုသန်း ၁၀၀ ဟာ သင့်တော်တဲ့ပမာဏလို့ ဆိုနိုင်ပါတယ်။

အီဒင်ဟာဇက်ဟာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုကြောင်း မကြာခဏထုတ်ဖော်ပြောကြားခဲ့သူဖြစ်ပြီး ယခုသတင်းအရ လာမယ့်ရာသီမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ဂျာစီကို ဝတ်ဆင်ကစားသွားတော့မှာပါ။ ချယ်ဆီးအသင်းမှာ အငှားနဲ့လာကစားနေတဲ့ ကိုဗာဆစ်ရဲ့ကံကြမ္မာက ဘာဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ကိုဗာဆစ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်သလို ကိုဗာဆစ်ကလည်း အသင်းမှာ ဆက်လက်ရှိနေချင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်ကြောင့် ကိုဗာဆစ်ကို အပြီးသတ်ခေါ်ယူဖို့က ရှုပ်ထွေးနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အီဒင်ဟာဇက်ရဲ့အပြောင်းအရွှေ့မှာ ကိုဗာဆစ်ဟာ တစိတ်တပိုင်းအဖြစ် ပါဝင်မှာမဟုတ်ကြောင်း ရှင်းလင်းသွားပြီဖြစ်ပြီး ချယ်ဆီးအသင်းရဲ့ပရိသတ်တွေအတွက် ဟာဇက်ရဲ့ ကျိန်းသေသလောက်ရှိနေပြီဖြစ်တဲ့သတင်းဟာ စိတ်ပျက်စရာသတင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က