loading...

loading...

loading...

အရေးကြီးတဲ့ဆုံးဖြတ်ချက်အတွက် စီစဉ်ထားတာမျိုးမရှိဘူးလို့ ပြောခဲ့တာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစာသမား ဂယ်ရီနဗီးလ်က ပီအက်စ်ဂျီအသင်းကို ဟာရဲရားပြောင်းရွှေ့ဖို့ နီးစပ်နေတာနဲ့ ပတ်သက်ပြီး အသင်းကို အပြစ်တင်ရမှာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဟာရဲရားဟာ ယခုလာမယ့် ဇူလိုင်လမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရဲရားဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေလိုတဲ့ဆန္ဒရှိပေမယ့် ဟာရဲရားရဲ့အေးဂျင့်က တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းဝန်းကျင် တောင်းဆိုခဲ့တာကြောင့် အသင်းနဲ့ကစားသမားကြား ဆွေးနွေးမှု ပျက်ပြယ်သွားခဲ့ပါတယ်။

ဟာရဲရားဟာ ယမန်နေ့ညက ချယ်ဆီးအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ ၎င်းဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ ပြသခဲ့ပြီး နဗီးလ်က ဟာရဲရားထွက်ခွာမှုဟာ အသင်းရဲ့ဆိုးရွားတဲ့ကိုင်တွယ်မှုကြောင့်ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဟာရဲရားရဲ့အခြေအနေက သူ အသင်းကို မလေးမစားလုပ်ချင်ပုံမရဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ ဒီမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အရမ်းကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝရှိခဲ့ပါတယ်”

“ဒါပေမယ့် ပီအက်စ်ဂျီအသင်းကို သူသွားတော့မယ်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအားလုံးက မန်ချက်စတာယူနိုက်တက်အသင်းက သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာကို ခွင့်ပြုခဲ့လို့ပဲ။ တကယ်လို့ သူတို့ သူ့ကို လိုချင်ခဲ့ရင် ဒီထက်နည်းနည်းပိုစောပြီး ဆုံးဖြတ်ချက်ကို သူတို့ ချမှတ်သင့်ခဲ့တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ယူနိုုက်တက်မှာ နောက်ထပ်အရာတစ်ခုက ဘာလဲဆိုရင် နည်းပြကို ၁၈ လ ဒါမှမဟုတ် ၂ နှစ်တစ်ခါ ပြောင်းတယ်။ သူနဲ့ အဆင်ပြေတဲ့ နည်းပြတစ်ယောက် ခင်ဗျား ရှိကောင်းရှိလိမ့်မယ်။ ပြီးတော့ နောက်ထပ်နည်းပြကျတော့ သူ့ကို စာချုပ်သစ် မချုပ်ဖို့ ပြောမယ်”

“ပြီးတော့ နောက်ထပ်နည်းပြသစ်ရောက်လာပြီး သူ့ကို လိုချင်တယ်ပြောမယ်။ ဒါပေမယ့် အဲဒါက နောက်ကျသွားပါပြီ။ ကစားသမားရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးနေပါပြီ”

“အဲဒါကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးကို အသင်းအနေနဲ့ နည်းပြတွေဆီကမဟုတ်ဘဲ ကစားသမားကို အသင်းကနေ ထွက်ခွာမှာ ကာကွယ်နိုင်ဖို့၊ တန်ဖိုးကို ကာကွယ်နိုင်ဖို့အတွက် စီစဉ်ထားဖို့ လိုအပ်ပါတယ်”လို့ ယူနိုက်တက်နဲ့ချယ်ဆီးတို့ ယှဉ်ပြိုင်ကစားနေတဲ့ပွဲစဉ်အတွင်းမှာ နဗီးလ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။


loading...

က္က