တည်ငြိမ်တဲ့ခြေစွမ်းမျိုး မရှိဘူးလို့ ယုံကြည်နေတာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ လီဗာပူးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကို ယှဉ်ပြိုင်လိုတယ်ဆိုရင် ခြေစွမ်းတည်ငြိမ်ကြောင်း သက်သေပြသရမယ်လို့ နည်းပြဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

ယနေ့ည မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၂၄ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားပြီး ထိပ်ဆုံးလေးနေရာနဲ့ ၃ မှတ်အကွာကနေ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ခြင်းမရှိတော့ဘဲ လာမယ့်ရာသီမှာ ယူနိုက်တက်အနေနဲ့ ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ဆိုးလ်ရှားက မရေမရာဖြစ်နေတာဖြစ်ပါတယ်။

“ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ခြေစွမ်းတည်ငြိမ်မှုရှိမယ်လို့ ကျွန်တော် မထင်ပါဘူး”

“ပြီးခဲ့တဲ့ ၁၈ ပွဲအကျော်လောက်တုန်းက ကျွန်တော်တို့က သူတို့နဲ့ သိပ်မကွာဝေးသေးပေမယ့် အဲဒါက တစ်ရာသီလုံး လုပ်ရမယ့်အရာပါ။ ကျွန်တော်တို့ အခု ရာသီတစ်ဝက်လောက်ပဲ လုပ်ခဲ့တာပါ။ ကြည့်ကြတာပေ့ါ။ ဘယ်တော့မှလို့ ခင်ဗျား ဘယ်တော့မှပြောလို့မရနိုင်ပါဘူး”

“ညကျရင် ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ ခင်ဗျား မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်တို့ အဲဒါကို သိပါတယ်။ အဲဒါက တဖြည်းဖြည်းချင်းဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ တစ်လှမ်းချင်း လှမ်းရမယ်ဆိုတာကို လုံလောက်တဲ့လက်တွေ့ဆန်မှုမျိုး ရှိရပါမယ်”

“ဒါက အခု ကစားသမား ၁၀ ယောက်နဲ့ ထပ်ခေါ်မယ့်ကစားသမား ၁၀ ယောက်က ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ အဲဒါက ဖြေးဖြေးလေး၊ ဖြေးဖြေးလေးလုပ်ရမှာပါ။ ဒါပေမယ့် သေချာပါတယ်။ အဲဒါက ကျွန်တော်တို့ ဖြစ်ချင်တဲ့ မှန်ကန်တဲ့အရည်အသွေး၊ မှန်ကန်တဲ့ကိုယ်ရည်ကိုယ်သွေး၊ မှန်ကန်တဲ့အဆင့်အတန်းတစ်ခုကို ပြန်ရစေမှာပါ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က