မေလ တတိယရက်သတ္တပတ်အတွင်း လေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ရှိနေခဲ့တာပါ။

အသင်းတိုင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တိုင်းတွင် တင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားဖို့ရှိနေတယ်လို့လည်း သ တင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ လေ့ကျင့်မှုများပြန်လည်ပြုလုပ်တော့မယ့် ပရီးမီးယားလိဂ်အသင်းတွေအတွ က် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ညွှန်ကြားခဲ့ပြီး ကွင်းအတွင်း တံတွေးထွေးခြင်းအပြုအ မူကိုလည်း ပြင်းပြင်းထန်ထန်ပိတ်ပင်ဖို့ ရှိနေတယ်လို့ the sun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဇွန်လ ၁၂ရက်နေ့မှာ ပြန်လည်စတင်ဖို့အ တွက် အသင်းအားလုံးက သဘောတူခဲ့ပြီးနောက် လာမယ့်အချိန်ကာလတစ်ခုအတွင်း လေ့ကျင့်ရေးအစီအစဉ် တွေကို ပြန်လည်စတင်ပြုလုပ်တော့မှာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ကစားသမားတွေအနေနဲ့ လေ့ကျင့်ရေးကွင်းအတွင်း ကန့်သတ်အကွာအဝေးကနေသာ စတင်လေ့ကျင့်ရမှာဖြစ်ပြီး အသင်းဖော်အချင်းချင်းပွေ့ဖက်ခြင်း၊ တံတွေးထွေးခြင်းအပြုအမူတွေကို ရှောင်ရှားရမ ယ့်အပြင် မျက်နှာ/နှာခေါင်းစည်း၊ လက်အိတ်များဝတ်ဆင်ရဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

လေ့ကျင့်မှုတွေပြန်လည်စတင်တော့မှာဖြစ်ပေမယ့် COVID-19 ရောဂါကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့အခြေအနေ ကြောင့် အသင်းနည်းပြအများစုကတော့ စိုးရိမ်နေဆဲဖြစ်ပြီး လက်ကျန်ရာသီပွဲစဉ်တွေအားလုံး အချိန်တိုအတွင်း အမြန်ဆုံးပြီးစီးဖို့အတွက်သာ ဆန္ဒရှိနေကြလည်းဖြစ်ပါတယ်။

ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက်၊ ချဲလ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့ကတော့ လေ့ကျင့်ရေးပြုလု ပ်မယ့် ကစားသမားတိုင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သီးသန့်အသုံးပြုစေမှာဖြစ်ပြီး ပူးပေါင်းပါဝင်သူအား လုံးကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများပြုလုပ်ဖို့ရှိနေတယ်လို့လည်း dailymail က ဖော်ပြထားပြန်ပါသေးတ ယ်။



က္က