ဒါဘီကို ကိုင်တွယ်စဥ်က စပိုင်လွှတ် စုံစမ်းခံခဲ့ဖူးတာကြောင့်ပါ။

လုံခြုံရေးကို အကြောင်းပြထားတာ ဆိုပေမယ့် အမှန်က အသင်းလေ့ကျင့်ရေးကွင်းကို ပြိုင်ဖက်အသင်းတွေက စပိုင်လွှတ်ပြီး စောင့်ကြည့်မှာကို စိုးရိမ်တဲ့အတွက် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နည်းပြ လမ်းပတ်ကတော့ သူတို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကုပ်ဟမ်လေ့ကျင့်ရေး ကွင်းမှာ စီစီတီဗွီကင်မရာ ၇လုံး တပ်ဆင်သွားမယ်လို့ သိရပါတယ်။



အခုလို တပ်ဆင်ရခြင်းကတော့ အသင်းကို လုံခြုံရေး တိုးမြှင့်ခြင်း ဖြစ်သလို မလိုအပ်ပဲ အခြားသူတွေ လေ့ကျင့် ရေးကွင်းကို မလာရောက်နိုင်အောင် ကာကွယ်ပေးခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးပေါ် ကင်မရာတွေ သုံးထားပြီး အချိန်အတိအကျကိုလည်း ဖော်ပြပေးနိုင်ကာ အလင်းရောင် မကောင်း တဲ့ အချိန်မှာတောင် ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်လို့ ညအချိန်မှာလည်း မှတ်တမ်းယူနိုင်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်း နည်းပြ လမ်းပတ်က အခုလို အတွေးအခေါ် ရရှိတာကတော့ ယခင် ဒါဘီအသင်းကို နည်းပြ အဖြစ် ကိုင်တွယ်စဥ်က အခုလက်ရှိ လိဒ်ယူနိုက်တက် နည်းပြ မာဆယ်လိုက လေ့ကျင့်ရေးကွင်းကို စပိုင်လွှတ်ပြီး စုံစမ်းခိုင်းခဲ့တာကို သိရှိခဲ့လို့ ဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေကို လာရောက် စပိုင်လုပ် ခိုးယူဖို့ မဖြစ်နိုင်အောင် အဓိ ကထား စီစဥ်ထားခြင်းလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ နှစ်ပွဲကစားပြီးချိန်တွင်း တစ်ပွဲနိုင် တစ်ပွဲရှုံး ထားပြီး တတိယပွဲစဥ်အဖြစ် ဝက်စ်ဘရွန်းအသင်းနဲ့ အဝေးကွင်း ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က