လင်ဂတ်ရဲ့ဆုံးဖြတ်ချက်ပေါ် အလုံးစုံမူတည်နေပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ စီနီယာကစားသမားအများစုကို လက်လွှတ်ပြီး ကစားသမားသစ်အချို့ ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကပွဲထွက်ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးပေမယ့် အသင်းကနေထွက်ခွာရ နိုင်ခြေများနေတဲ့ လင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းများစွာရှိနေခဲ့ပြီး ပရီးမီးယားလိဂ်အသင်း ၄သင်းက အပြိုင်အ ဆိုင်ကမ်းလှမ်းကြဖို့ ရှိနေတယ်လို့ dailymail က အခိုင်အမာဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ နည်းပြအဆက်ဆက်တွက် ခြေစွမ်းပြကစားနို်င်ခြင်းကြောင့် အဓိကပွဲထွက်ကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့တဲ့ လက်ဂတ်အနေနဲ့ လက်ရှိနည်းပြဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးမှုများ အပြင် ကြံ့့ခိုင်မှုပိုင်းလိုအပ်ချက်ရှိလာခဲ့တဲ့အတွက် ပွဲထွက်ကစားခွင့်ဆုံးရှုံးနေသူလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ လင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းတစ်သ င်းဖြစ်တဲ့ လက်စတာအသင်းလည်းပါဝင်နေသလို ဝက်စ်ဟမ်း၊ အဲဗာတန်၊ နယူးကာဆယ်အသင်းတို့ကလည်းက မ်းလှမ်းမှုများပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကာယကံရှင်ဖြစ်သူကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာဆက်ပြီး ပါဝင်ခွင့်ရရေးနဲ့ ၂၀၂၁ ကိုရွှေ့ဆိုင်းထား တဲ့ ယူရို ၂၀၂၀ မှာပါဝင်ခွင့်ရရေးအတွက် ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုမှုအ ချို့ပြုလုပ်ထားပါတယ်။

Thesun ကဖော်ပြလာတဲ့ သတင်းရင်းမြစ်မှာတော့ ယူနိုက်တက်အနေနဲ့ လင်ဂတ်ကိုအသင်းမှာဆက်ထိန်းထား ဖို့အတွက်လည်း စီစဉ်မှုအချို့ရှိနေတယ်လို့ ဖော်ပြလာခဲ့ပြီး အပြောင်းအရွှေ့အကြောင်းကိုတော့ ကာယကံရှင်နဲ့ အေးဂျင့်ဖြစ်သူတို့က တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးဘူး။ ဒါပေမဲ့ တစ်ဖက်မှာတော့ ပရီးမီး ယားလိဂ်အ သင်း ၄သင်းက တရားဝင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။



က္က