LASK နဲ့ပွဲမှာ လင်ဂတ်ကို လူစားလဲလှယ်ခဲ့တဲ့အပေါ် သုံးသပ်ခဲ့တာပါ။

လူစားလဲလှယ်ခံရချိန်မှာ လင်ဂတ်က နှစ်သက်ဟန်မရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး နည်းပြဆိုးလ်ရှားကိုယ်တိုင်က သူ့ကစားသမားရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှုမရှိခဲ့ဘူးလို့ ပေါလ်စခိုးက သုံးသပ်ခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နောက်ဆုံးပွဲနဲ့ မနေ့ကကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ဂိုးတွေသွင်းယူပေးခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ကို ရောင်းချသင့်ပြီလို့ ယူနိုက်တက်ကစားသမားဟောင်းပေါလ်စခိုးက ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ LASK ကို နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

လင်ဂတ်ကတော့ အသင်းအတွက် ပွဲထွက်ပါဝင်ခွင့်ရရှိခဲ့ကာ ချေပဂိုးလည်းသွင်းယူပေးခဲ့ပေမယ့် လူစားလဲလှယ်ခံခဲ့ရပါတယ်။ လူစားလဲလှယ်ခံရချိန်မှာ လင်ဂတ်က နှစ်သက်ဟန်မရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး နည်းပြဆိုးလ်ရှားကိုယ်တိုင်က သူ့ကစားသမားရဲ့ ခြေစွမ်းအပေါ် ကျေနပ်မှုမရှိခဲ့ဘူးလို့ ပေါလ်စခိုးက သုံးသပ်ခဲ့ပါတယ်။ 

"အခုပြသနေတဲ့ ခြေစွမ်းထက် သူပိုပြီးလုပ်ပြနိုင်ဖို့လိုပါတယ်၊ သူ့ဘက်က ကောင်းကောင်းကစားပြနိုင်ရင် တစ်ခုခုတော့ ပြန်ရနိုင်စရာရှိပေမယ့်လည်း သူ့ခြေစွမ်းက လုံလောက်မှုမရှိခဲ့ပါဘူး၊ ပွဲထွက်ကစားသမားစာရင်းမှာ သူ ပါနေမယ်ဆိုရင် ယူနိုက်တက်က အမှတ်ပေးဖလားကို ရယူနိုင်မှာလား? ကျွန်တော့်အတွက်တော့ မသေချာပါဘူး"

"ဒီပွဲက သူ့အတွက် မိနစ်အပြည့်ကစားခွင့်ရဖို့ အခွင့်အရေးဖြစ်ခဲ့တာပါ၊ ဒါပေမယ့် သူ့ကို လူစားလဲလှယ်ချိန်မှာတော့ အိုလီကိုကြည့်ရတာ လင်ဂတ်ကိုရောင်းထုတ်ဖို့အတွက် စဉ်းစားနေပုံပါပဲ၊ ကျွန်တော်ပြောတာ မှားချင်လည်းမှားနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီခံစားချက်မျိုးကျွန်တော်ရနေတယ်၊ သွင်းဂိုးတွေကနေ သူ ယုံကြည်မှုနည်းနည်းရချင်ရလိမ့်မယ်၊ ဒါပေမယ့် ပွဲချိန်အတွင်းမှာတော့ သူ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး" လို့ ပေါလ်စခိုးက ပြောဆိုခဲ့ကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

လင်ဂတ်ကိုစိတ်ဝင်စားနေတဲ့အသင်းတွေအဖြစ် စီးရီးအေကလပ်ရိုးမား၊ ဂျာမနီကလပ်မိုချန်ဂလာဘတ် နဲ့ နယူးကာဆယ်ယူနိုက်တက်တို့က စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ လင်ဂတ်ကတော့ ယူရိုပါလိဂ်မှာ ခြေစွမ်းပြသပြီး အသင်းဘက်က သူ့ကိုသဘောကျလာစေဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။



က္က