အနီကတ်ပြစ်ဒဏ်ကြောင့် ၃ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတော့မှာလည်း ဖြစ်ပါတယ်။
Win Kyaw Min

ပရီးမီးယားလိဂ်ပွဲစဉ် ၂၄အဖြစ် အသင်းဟောင်းချဲလ်ဆီးနဲ့ရင်ဆိုင်ရတဲ့ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရ တာပါ။

အာဆင်နယ်အသင်းရဲ့ အဓိကနောက်ခံလူဖြစ်တဲ့ ဒေးဗစ်လူးဝစ်ဇ်အနေနဲ့ အသင်းဟောင်းချဲလ်ဆီးအ သင်းကို ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကြမ်းတမ်းစွာကစားခဲ့ခြင်းများနဲ့တူ အနီကတ်ပြ ထုတ် ပယ်ခံခဲ့ရခြင်းကြောင့် အိမ်ရှင်ပရိသတ်အချို့ရဲ့ လှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်လို့ dailymail ကဖော် ပြလာပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဝါရင့်နောက်တန်းကစားသမား ဖြစ်သူ ဒေးဗစ်လူးဝစ်ဇ်ဟာ ရာသီအစတွင် နည်းပြသစ်ဖြစ်လာတဲ့ လမ်းပတ်နဲ့အကြား အဆင်မပြေမှု များရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် ချဲလ်ဆီးပရိသတ်တွေက အဓိက တိုက်ခိုက်ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။



ဒေးဗစ်လူးဝစ်ဇ်အနေနဲ့ ပွဲချိန်အတွင်း ချဲလ်ဆီးလူငယ်တိုက်စစ်မှူးအေဘရာဟင်ကို ပင်နယ်တီဧရိယာ အတွင်း ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့အပြင် ပင်နယ်တီပါပေးခဲ့ ရတဲ့အတွက် အာဆင်နယ်ပရိသတ်အချို့ရဲ့ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ချဲလ်ဆီးအသင်းနဲ့ပြန်လည်ရင်ဆိုင်တိုင်း ကြံ့ခိုင်မှု အသားပေးကစားလေ့ရှိပြီး ကန်တီ၊ ခရစ္စတီယန်ဆန်တို့အပေါ်တွင်လည်း ကြမ်းကြမ်းတမ်းတမ်းပြုမှု ခဲ့ တဲ့ ဒေးဗစ်လူးဝစ်ဇ်ကို ပရိသတ်တွေအပြင် ဂယ်ရီနဗီးလ်အပါအဝင် သုံးသပ်သူအများစုကပါ ဝေဖန်ခဲ့ ကြတာပါ။

နှစ်ဖက်အသင်းနည်းပြတွေကတော့ ဒေးဗစ်လူးဝစ်ဇ်ရဲ့ အပြုအမူကို တစ်စုံတစ်ရာမှတ်ချက်ပြုခြင်း မရှိ ဘဲ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ ဒါဘီပွဲစဉ်တွေရဲ့ ပုံစံအတိုင်းဖြစ်ခဲ့တလို့ပဲ ယူဆနေကြတယ်လို့ ပွဲ အပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။


Author


က္က