လီဗာပူးလ်က ပိုပြီးတော့တိုးတက်လာဦးမယ်လို့ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ဒီရာသီမှာ လီဗာပူးလ်အနေနဲ့ စုစုပေါင်း အမြင့်ဆုံးရနိုင်ချေရမှတ် ၅၇ မှတ်မှာ ၅၅ မှတ်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ မန်စီးတီးတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့တဲ့ တစ်ပွဲတည်းသာ ရှိခဲ့ပါတယ်။ 


အိမ်ကွင်းမှာ ဝုလ်ဗ်ကို ဆာဒီယိုမာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့အပြီးမှာ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်က သူတို့အသင်းဟာ တိုးတက်မှုတွေထပ်ရှိလာလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ရှုံးပွဲမရှိစံချိန်ရယူထားပြီး ၁၃ မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့အနေအထားမှာ ဗန်ဒိုက်က ထပ်မံဝံ့ကြွားခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အနေနဲ့ ဝုလ်ဗ်ကို အနိုင်ရခဲ့တာကြောင့် အိမ်ကွင်းပွဲပေါင်း ၅၀ ဆက်တိုက် ရှုံးပွဲမရှိစံချိန်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အနေနဲ့ စုစုပေါင်း အမြင့်ဆုံးရနိုင်ချေရမှတ် ၅၇ မှတ်မှာ ၅၅ မှတ်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ မန်စီးတီးတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့တဲ့ တစ်ပွဲတည်းသာ ရှိခဲ့ပါတယ်။ 

ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား နဲ့ ကလပ်ကမ္ဘာ့ဖလားတွေကိုလည်း ၂၀၁၉ အတွင်းမှာ လီဗာပူးလ်နဲ့အတူ ရယူနိုင်ခဲ့တဲ့ ဗန်ဒိုက်က "ကျွန်တော်တို့ ဆက်လက်ပြီး တိုးတက်လာဦးမယ်လို့ ခံစားနေရပါတယ်၊ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ပါသေးတယ်၊ ဒါပေမယ့်လည်း လက်ရှိရပ်တည်မှုအပေါ်မှာ ဘာမှစောဒကတက်စရာမရှိပါဘူး"

"၂၀၁၉ အတွင်းမှာ ပြသခဲ့တဲ့ ပုံစံမျိုးကို ဆက်ပြီးတော့ ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပြီး ပိုကောင်းမွန်တဲ့၊ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ အနေအထားကို ရောက်လာဖို့ ကြိုးစားဦးမှာပါ၊ အဒမ်ရဲ့ လက်နဲ့ထိခဲ့တယ်လို့ သူတို့တွေ စောဒကတက်ခဲ့ကြပါတယ်၊ ဒါက ရှုပ်ထွေးတဲ့အနေအထားတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော်တို့ ဘာလုပ်နိုင်မှာလဲ၊ ပွဲကပြီးသွားပါပြီ၊ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးတော့ ဂိုးအဖြစ်ပေးခဲ့တာပါ"" လို့ ဗန်ဒိုက်ပြောဆိုခဲ့ကြောင်း Sky Sports ကဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ ဝုလ်ဗ်ကို အနိုင်ရခဲ့မှုမှာတော့ အငြင်းပွားဖွယ်ရာအနေအထားတော့ ရှိနေခဲ့ပါတယ်။

လယ်လာနာရဲ့ လက်နဲ့ထိခဲ့တယ်ဆိုပြီး ဝုလ်ဗ်ကစားသမားတွေက စောဒကတက်ခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ကာ ကွင်းလယ်ဒိုင် အန်သိုနီတေလာက ဂိုးအဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းရရှိခဲ့တဲ့ ချေပဂိုးကိုတော့ အန်သိုနီတေလာက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းခေါင်းဆောင် ကိုအာဒီကတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်က သူတို့ကို သတ်ခဲ့တယ်လို့ ပွဲအပြီးမှ ညည်းတွားသွားခဲ့ပါတယ်။ 


က္က