loading...

loading...

loading...

လီဗာပူးက လိဂ်၄၄ပွဲရှုံးပွဲမရှိကစားနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

၄၄ပွဲ ရှုံးပွဲမရှိ ကစားနိုင်ခဲ့တဲ့ လီဗာပူးရဲ့ စွမ်းဆောင်ရည်ကို ၄၉ပွဲရှုံးပွဲမရှိနဲ့ ပွဲအများဆုံး ရှုံးပွဲမရှိကစားထားနိုင်တဲ့ အာဆင်နယ်အသင်းက ချီးကျူးခဲ့တာပါ။

ဝက်ဖို့ဒ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲလည်း ဖြစ်လာခဲ့ပါ တယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ၂၈ ပွဲမှာ လီဗာပူးက တစ်ပွဲသရေ၊တစ်ပွဲရှုံးပြီး ၂၆ပွဲအနိုင်ရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။

လီဗာပူးအတွက် အခုလို ဝက်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တာကတော့ ၂၀၁၉ ဇန်နဝါရီတုန်းက မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲလည်း ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် လီဗာပူးအသင်းအနေနဲ့ လိဂ် ၁၈ ပွဲဆက် အနိုင်လည်း ရပ်တည်ခံလိုက်ရပေမယ့် ဒီစံချိန်က လိဂ်ရဲ့ နိုင်ပွဲဆက် အများဆုံးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

အလားတူ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဝက်ဖို့ဒ်နဲ့ပွဲမတိုင်မီအထိ ၄၄ ပွဲဆက်တိုက် မရှုံး အောင်ကစားထားနိုင်လို့ ၂၀၀၃-၀၄ ခုနှစ်က အာဆင်နယ်အသင်းရဲ့ ၄၉ပွဲ ရှုံးပွဲမရှိ စံချိန်ပြီးရင် ဒုတိယမြောက် မရှုံးအောင် အကြာကြီး ကစားထားနိုင်တဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပြီလည်း ဖြစ်ပါတယ်။

အခုလို ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ပြီး ၄၄ပွဲရှုံးပွဲမရှိ စံချိန် ရပ်တန့် ခံလိုက်ရချိန်မှာတော့ သမိုင်းမှာ ရှုံးပွဲမရှိအများဆုံး ကစားထားနိုင်တဲ့ အာဆင်နယ်အသင်းက အသင်းရဲ့ ကိုယ်ပိုင် တွစ်တာကတဆင့် လီဗာပူး အသင်းကို ချီးကျူးမှု တစ်ရပ်ပြုလုပ်လာပါတယ်။

လီဗာပူးအသင်းရဲ့ တရားဝင် တွစ်တာကတင်ခဲ့တဲ့ ပွဲပြီးရလဒ်ကို အာဆင်နယ်အသင်းက ပြန်ရှဲပြီး - “ ကြောက်မက်ဖွယ် ရှုံးပွဲမရှိ စံချိန်အတွက် ဂုဏ်ယူပါတယ်” လို့ ရေးသားဖော်ပြလာတာပါ။

တကယ်တောာ့ လီဗာပူးအသင်းရဲ့ ကစားအားကြောင့် အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်ကို ကျော်ဖြတ် တော့မယ်လို့ အများက ထင်ထားတာပါ။

အလားတူ အာဆင်နယ်အသင်းရဲ့ ဝါရင့် နည်းပြဟောင်း အာစင်ဝင်းဂါးနဲ့ ထိုစဥ်က ရှုံးပွဲမရှိစံချိန်တင်ချိန်မှာ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေကိုယ်တိုင်ကိုက လီဗာပူးအသင်းကို စောင့်ကြည့်နေပြီလို့ BT SPROTနဲ့ တွေ့ဆုံစဥ် ပြောခဲ့တာ ရှိပါတယ်။


loading...

က္က