ရိုးမားအသင်းက အံ့အားသင့်ဖွယ် ဈေးနှုန်းသတ်မှတ်ခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရိုးမားကွင်းလယ်ကြယ်ပွင့် ဇာနီအိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ရိုးမားအသင်းက ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၇၀ သတ်မှတ်ခဲ့တယ်လို့ Sky Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရိုးမားအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ဇာနီအိုလိုဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဇာနီအိုလိုကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ဂျူဗင်တပ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့လည်း ပါဝင်နေတယ်လို့ သိရပြီး ရိုးမားအသင်းက ဇာနီအိုလိုကို ရောင်းချလိုုခြင်းမရှိဘူးလို့ သိရပါတယ်။



ရိုးမားအသင်းအနေနဲ့ ဇာနီအိုလိုကို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တောင်မှ ပြီးခဲ့တဲ့နွေရာသီက အယ်လီဆင်အတွက် လီဗာပူးအသင်းက ပေးချေခဲ့သလိုမျိုး စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးနဲ့မှသာ ရောင်းချလိုနေတာကြောင့် စပါးအသင်းအတွက် လွယ်မယောင်နဲ့ခက်နေတာဖြစ်ပါတယ်။

ဇာနီအိုလိုဟာ ပြီးခဲ့တဲ့နွေရာသီက အင်တာမီလန်အသင်းကနေ ရိုးမားအသင်းကို ယူရို ၄.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဈေးကြီးလွန်းတယ်လို့ ယင်းအချိန်က ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဇာနီအိုလိုက ၎င်းကို သံသယဖြစ်နေသူတွေအားလုံးကို အသင်းအတွက် ဂိုးဖန်တီးမှုတွေပြုလုပ်ပြီး လက်ရွေးစင်အသင်းက ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရတဲ့အထိ သက်သေပြသခဲ့သူဖြစ်ပါတယ်။

ဇာနီအိုလိုဟာ အောက်တိုဘာလမတိုင်ခင်အထိ ၁ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ပေမယ့် နိုဝင်ဘာလအစကတည်းက ရိုးမားအသင်းရဲ့ပုံမှန်ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရီးရဲဘက်တစ်ကွင်းလယ်ကြယ်ပွင့် လိုဆယ်ဆိုကို ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ပေမယ့် လိုဆယ်ဆိုရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း ၁၀၀ ရှိတာကြောင့် ဇာနီအိုလိုဟာ ပိုမိုကောင်းမွန်တဲ့ရွေးချယ်မှုအဖြစ် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က