၉ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။

အာဆင်နယ်ဝါရင့်နောက်ခံကစားသမား ဒေးဗစ်လုဇ်ဟာ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းနဲ့ ၉ မှတ်ကွာဟနေပေမယ့်လည်း ယခုရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယခုရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲစလုံးမှာ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲ ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၈ မှတ်အကွာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းနဲ့ ၂၀၁၆-၂၀၁၇ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ဒေးဗစ်လုဇ်က အာဆင်နယ်မှာ ဆုဖလားအတွက် တိုက်ပွဲဝင်မယ့် ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။



လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းက လီဗာပူးအသင်းနဲ့ ၈ မှတ်ကွာဟနေပြီး ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းဟာ မန်ချက်စတာစီးတီးနဲ့ ၁ မှတ်သာ ကွာဟပြီး နှစ်ပေါင်း ၂၀ ကျော်စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို လက်မတင်လေး လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ခင်ဗျား တစုံတရာကို စတင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ပရီးမီးယားလိဂ်နဲ့ ပြိုင်ပွဲအားလုံးကို စတင်ခဲ့ပြီးပါပြီ။ ခင်ဗျား ပြိုင်ပွဲမှာ အနိုင်ရရှိနိုင်တယ်လို့ မတွေးဘူးဆိုရင်တော့ ခင်ဗျားဘဝမှာ ဘယ်ဟာကိုမှ အစပြုနိုင်မှာမဟုတ်ပါဘူး”

“ကျွန်တော် အာဆင်နယ်နဲ့ ဆုဖလားတွေ ရယူချင်တယ်။ ကျွန်တော် ဒီထက်ပိုတိုးတက်ချင်ပြီး နည်းပြကျွန်တော်တို့ကို ကစားစေချင်တဲ့ပုံစံအတိုင်း အာဆင်နယ်ရဲ့ကစားဟန်နဲ့ အသားကျချင်ပါတယ်။ ကျွန်တော်တို့ အတူတူလုပ်နိုင်မယ်လို့ ထင်ပါတယ်”

“ကျွန်တော့် ရည်မှန်းချက်နဲ့ စိတ်ဆန္ဒက ဆုဖလားအတွက် အမြဲတမ်းတိုက်ပွဲဝင်ဖို့ဖြစ်ပြီး အသင်း၊ ကစားသမားတွေနဲ့ နည်းပြတွေကြားမှာ ကျွန်တော်တို့ ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေတွေရှိပါတယ်။ အာဆင်နယ်အသင်းက နောက်ထပ်တစ်ကြိမ် ပြန်လည်တောက်ပဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်”လို့ NBC Sports ကို ပြောကြားသွားခဲ့ပါတယ်။



က္က