loading...

loading...

loading...

အဂူရိုရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘန်လေကို အနိုင်ရခဲ့တာပါ။
Kyaw Ko Ko Sint

လီဗာပူးအသင်းက မန်စီးတီးအသင်းရဲ့ ခြေချော်မှုကို စောင့်ကြည့်ပြီး ကစားနေရတာဖြစ်ပြီး မန်စီးတီးရဲ့နိုင်ပွဲက လီဗာပူးကို ချန်ပီယံဆုနဲ့ အလှမ်းဝေးနေစေတာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ဘန်လေအသင်းကို အဝေးကွင်းမှာ တိုက်စစ်မှူး အဂူရိုရဲ့ တစ်လုံးတည်းသော သွင်း ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားအဆင့် ၁ နေရာကို လီဗာပူးအသင်းထံကနေ ပြန်လည် ရယူနိုင်လိုက်ပါပြီ။

အခုလို အသင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ အဂူရိုကတော့ဒီနှစ်မှာ အသင်းအတွက် လိဂ်သွင်းဂိုး ၂၀ ပြည့်မြောက် သွားလို့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ ၅ ရာသီဆက် ဂိုး ၂၀ နှင့် အထက် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီလို့ Daily Mail ကဖော်ပြလာပါတယ်။

ဒီပွဲမတိုင်ခင် လီဗာပူးအသင်းက ဟတ်ဒါဖီးလ်အသင်းကို ၅ ဂိုးပြတ်သွင်းပြီး အမှတ်ပေးဇယားကို ယာယီ ရယူ ထားပေမယ့် မန်စီးတီးက ဘန်လေကို အနိုင်ယူပြီး တစ်မှတ်အသာနဲ့ အဆင့် ၁နေရာကို ပြန်လည်ရယူလိုက်တာ ဖြစ်ပါတယ်။

နှစ်သင်းကြား ကွာဟချက်က တစ်မှတ်သာရှိနေလို့ ခြေချော်တဲ့အသင်းက ချန်ပီယံဆုကို လက်လွှတ်ရမှာ ဖြစ်လို့ နှစ်သင်းစလုံး အမှားခံလို့မရတဲ့ အခြေအနေပါ။ လက်ကျန် ၂ ပွဲအလိုက်မှာ မန်စီးတီးအသင်းက လက်စတာ၊ဘရိုက်တန်တို့နဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးကတော့ နယူးကာဆယ်၊ဝုလ်အသင်းတို့နဲ့ ကစားရပါမယ်။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ စပါးကို ရှုံးနိမ့်ပြီးကတည်းက တောက်လျှောက် နိုင်ပွဲဆက်လာခဲ့တာ စပါး၊ မန်ယူနဲ့ အခု ဘန်လေတို့ကိုလည်း အနိုင်ကစားလာတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဒီနှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားအပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်နေရပြီး လမ်းကြောင်းနှစ်ခု အနေအထားမှာ ဟန်ချက်ညီညီ ရှေ့ဆက်သွားနိုင်ပြီး ဆုဖလား နှစ်ခုစလုံးကို ရယူနိုင်မလား မန်စီးတီးအသင်းကပဲ အမှတ်ပေးဖလားကို တည်တည်ငြိမ်ငြိမ်နဲ့ နှစ်နှစ် ဆက် ထိန်းသိမ်းသွားနိုင်မလားဆိုတာကတော့ လက်ကျန် ၂ ပွဲက အဖြေပေးမှာပါ။


ဆက်စပ်အကြောင်းအရာများ


loading...

က္က