လီဗာပူးကို အဝေးကွင်းမှာ ၃-၁ နဲ့ အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

လီဗာပူးအသင်းကိုအဝေးကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့်လည်း ဒီနှစ်ခြေစွမ်းအရ အဝေးကွင်းနိုင်ပွဲများစွာ ရှာဖွေ နိုင်မယ်လို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။

လီဗာပူးအသင်းကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းမှာ နှစ်လို ဖွယ်ကောင်းတဲ့ ကစားဟန်ကိုတွေ့မြင်ခဲ့ရပြီး အနိုင်ရလဒ်အတွက် လုံလောက်တဲ့ ဖွဲ့စည်းမှုတစ်ခုရှိတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ဘောလုံးပွဲသုံးသပ်သူ ဂယ်ရီနဗီးလ်က သုံးသပ်သွားခဲ့တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



ဂန်းနားတွေအတွက်တော့ အန်ဖီးလ်က ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို ပေးဂိုးတွေလည်း ၂၅ ဂိုးထိ ရှိနေခဲ့ တာပါ။

ဒါပေမယ့်လည်း နဗီးလ်ကတော့ အရင်နှစ်တွေက အာဆင်နယ်အသင်းတွေထက် ဒီနှစ်က အများကြီး တိုးတက် လာတယ်လို့ သုံးသပ်ခဲ့တာပါ။

ပွဲအပြီး Sky Sports ရုပ်သံနဲ့ ပြောခဲ့ရာမှာတော့ -“ ၃-၀ ဂိုးနဲ့ ရှုံးနိမ့်နေချိန်က အရမ်းကို ခက်ခဲသွားပါပြီ၊ ဒီကနေ ဘယ်လို ကောင်းကွက်တွေ ရယူရမလဲဆိုတာကိုပဲ တွေးရတော့မှာမျိုးပါ။ဒါတွေထားလိုက်ပါ၊အငြင်းမပွားတော့ ပါဘူး။ ဒီနေ့မှာ အာဆင်နယ်အသင်းဆီကနေ တစ်စုံတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။” လို့ နဗီးလ်ကပြောခဲ့ပါ တယ်။

ဆက်လက်ပြီး နဗီးလ်က လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပြီး အာဆင်နယ်အသင်းကိုလည်း အရင်တုန်းက အကြောင်းအရာတွေကို အဝတ်လဲခန်းအတွင်းမထားခဲ့ပဲ ကွင်းထဲထိ သယ်ဆောင်လာလို့ အခုလို အရှုံးနဲ့ ဆက်လက် ရင်ဆိုင်ရတာလို့ ပြောခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းအနေနဲ့ အခုအဝေးကွင်းပွဲရှုံးနိမ့်ခဲ့ပေမယ့် ဒီခြေစွမ်းနဲ့ဆိုရင် ဒီရာသီအတွင်းအဝေးကွင်း နိုင်ပွဲများစွာ ရှာဖွေနိုင်မယ်လို့လည်း နဗီးလ်က အဆုံးသတ်ပြောခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းကတော့ မနှစ်က ဘောလုံးရာသီမှာ အဝေးကွင်း ၇ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၄ ပွဲသရေကျကာ ၈ ပွဲထိ အရေးနိမ့်ထားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က