မတူညီတဲ့ပြိုင်ဆိုင်မှုမျိုးရှိတယ်လို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ကြား တွေ့ဆုံယှဉ်ပြိုင်ရတဲ့ ပွဲစဉ်ဟာ ဘောလုံးရာသီတစ်ခုရဲ့ အကြီးမားဆုံးပွဲစဉ်ဖြစ်နေဆဲဖြစ်တယ်လို့ ဟိုဆေးအန်းနရစ်က ပြောကြားခဲ့ကြောင်း Sky Sports ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ကစားပြီးချိန်မှာ လီဗာပူးအသင်းရဲ့နောက် ၁၅ မှတ်အထိ ကွာဟနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ လီဗာပူးက အနိုင်ရရှိခဲ့မယ်ဆိုရင် ၁၈ မှတ်အထိ ကွာဟသွားမှာဖြစ်ပါတယ်။



လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ကြား ကွာဟမှုကြီးကြီးမားမား ရှိနေပေမယ့်လည်း လီဗာပူးနောက်ခံကစားသမားဟောင်း ဟိုဆေးအန်းနရစ်က အအောင်မြင်ဆုံးအသင်း ၂ သင်းကြား တွေ့ဆုံယှဉ်ပြိုင်မှုဟာ ကြီးမားတဲ့တွေ့ဆုံမှုအဖြစ် လက်ရှိအချိန်အထိ ကျန်ရှိနေဆဲဖြစ်တယ်လို့ Sky Sports News ကို ပြောကြားခဲ့ပါတယ်။

“ကစားသမားတွေအတွက်၊ ပရိသတ်တွေအတွက် အကြီးမားဆုံးပွဲစဉ်တစ်ပွဲဖြစ်နေတုန်းပါပဲ။ တကယ်လို့ လီဗာပူးရဲ့ပြိုင်ဘက်က မန်စီးတီးဖြစ်ခဲ့ရင်တောင်၊ သူတို့တွေရဲ့ ပြိုင်ဆိုင်နေတဲ့ပုံစံမျိုးဖြစ်နေခဲ့ရင်တောင် ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ကြားက ပြိုင်ဆိုင်မှုက မတူညီဘဲ ကွဲပြားခြားနားပါတယ်”

“ကြိုတင်ပြင်ဆင်မှုကတော့ အတူတူပါပဲ။ ဒီလိုပွဲစဉ်ကို ကစားရတဲ့အခါ ခင်ဗျားရဲ့ စိတ်ထဲမှာ ရှိနေရမယ့်တစ်ခုတည်းသောအရာက ခင်ဗျားက အခြားပွဲစဉ်တွေကစားတာထက်ပိုပြီး စိတ်လှုပ်ရှားနေလိမ့်မယ်ဆိုတာပဲ။ အဲဒါက သိသာပါတယ်”

“ဒီပွဲက နောက်ထပ်ပွဲစဉ်တစ်ပွဲပဲ။ ဒီပွဲက သုံးမှတ်ထက်ပိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက်နဲ့ ကစားသမားတွေအတွက်က ဒီထက်အများကြီး အဓိပ္ပာယ်ပိုရှိပါတယ်။ အဲဒီတော့ တကယ်လို့ ခင်ဗျား အဲဒီပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပွဲအပြီးမှာ ခင်ဗျား ကောင်းမွန်တဲ့ညကို ပိုင်ဆိုင်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။



က္က