ချယ်လ်တင်ဟမ်မြင်းပွဲတော်လည်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ဖြစ်ပွားမှုအမြင့်ဆုံးဒေသတွေမှာ လီဗာပူးလ်ပွဲကျင်းပရာနေရာနဲ့ ချယ်လ်တင်ဟမ်မြင်းပွဲတော်ကျင်းပရာနေရာတွေပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။  

ချန်ပီယံလိဂ်ပွဲအဖြစ် ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ရဲ့ပွဲစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ပိုမိုပြန့်ပွားစေခဲ့ပြီး သေဆုံးသူအရေအတွက်ကိုလည်း မြင့်တက်စေခဲ့တယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။ COVID-19 ဖြစ်ပွားမှုအကြောင်းရင်းကို ပြန်လည်လေ့လာနေတဲ့ ဗြိတိန်ရဲ့ အကြီးမားဆုံးစီမံကိန်းတစ်ခုက ထောက်ပြခဲ့တာဖြစ်ပါတယ်။



အန်ဖီးလ်မှာကျင်းပခဲ့တဲ့ ဒီပွဲစဉ်နဲ့အတူ နာမည်ကျော် ချယ်လ်တင်ဟမ်မြင်းစီးပြိုင်ပွဲက ဗြိတိန်ကို ဆိုးဝါးတဲ့အခြေအနေအောက်ပို့ဆောင်ခဲ့တယ်လို့ လေ့လာသူတွေက ယုံကြည်နေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ အခြားသောနိုင်ငံတွေမှာ အားကစားပွဲတွေကို ကျင်းပခွင့်မပြုတော့တဲ့အချိန် ဗြိတိန်မျာတော့ ဆက်လက်ကျင်းပနေခဲ့တာဖြစ်ပါတယ်။

ဒီအကျိုးဆက်အဖြစ် နိုင်ငံတွင်းမှာကူုးစက်မှုများပြားခဲ့သလို သေဆုံးနှုန်းလည်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။ ချယ်လ်တင်ဟမ်ပွဲတော်ကိုတော့ မတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ပရိသတ်ပေါင်းနှစ်သိန်းခွဲအထိ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျင်းပပြီး ၂၄ နာရီအကြာမှသာ ပြိုင်ပွဲကို ကွင်းပိတ်ကျင်းပဖို့ ဒါမှမဟုတ် လုံးဝဖျက်သိမ်းဖို့ အစိုးရက ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။ 

လေ့လာမှုကိုဦးဆောင်ခဲ့တဲ့ King's College London က ပရော်ဖက်ဆာကတော့ "အားကစားပွဲတွေကို တစ်ပတ်လောက်စောပြီးတော့ ပိတ်သိမ်းပစ်ခဲ့သင့်တယ်လို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ပွဲလာကြည့်တဲ့ပရိသတ်တွေက ကူးစက်မှုတွေကို မြင့်မားစေခဲ့ပြီးတော့ သေဆုံးနှုန်းကိုလည်း တိုးစေခဲ့လို့ပါ" လို့ ပြောဆိုခဲ့ပါတယ်။ 

BBC ရဲ့ ဖော်ပြချက်တစ်ခုမှာလည်း ဗိုင်းရပ်စ်ဖြစ်ပွားမှုအမြင့်ဆုံးဒေသတွေမှာ လီဗာပူးလ်ပွဲကျင်းပရာနေရာနဲ့ ချယ်လ်တင်ဟမ်မြင်းပွဲတော်ကျင်းပရာနေရာတွေပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဒေသတွေက လူဦးရေး ၅%ကနေ ၆% အထိကူးစက်ခံခဲ့ရပြီးတော့ အသက် ၂၀ နဲ့ ၆၉ နှစ်အရွယ်တွေ အများဆုံးဖြစ်ကာ ရောဂါလက္ခဏာတွေပြသခဲ့တယ်လို့လည်းသိရပါတယ်။ 

Share

Loading Next Article...
က္က