နောက်ထပ်တစ်ကြိမ် ထိုးနှက်ပြောဆိုလိုက်တာပါ။
Pyae Phyo Thein

ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်းက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ရရှိခဲ့ပြီးနောက်မှာ အီဗရာက လီဗာပူးလ်အသင်းသမိုင်းကြောင်းနဲ့ပတ်သက်ပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာကတော့ သူ့ရဲ့အင်စတာဂရမ်ကနေ လီဗာပူးလ်ကို ထိုးနှက်တိုက်ခိုက်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ်အသင်းက နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ရရှိခဲ့ပြီးနောက်မှာ အီဗရာက လီဗာပူးလ်အသင်းသမိုင်းကြောင်းနဲ့ပတ်သက်ပြီး လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ 

အင်စတာဂရမ်မှာ သူတင်ထားခဲ့တဲ့ တိုတောင်းတဲ့ ဗီဒီယိုကလစ်တစ်ခုမှာ အီဗရာက ယူနိုက်တက်အလံကို နောက်ဖုံးမှာချိတ်ဆွဲထားခဲ့တဲ့ ကားကို အနည်းငယ်နေရာရွှေ့ခဲ့ပြီးနောက် အခြားကားတစ်စီးခေါင်မိုးပေါ် အလွတ်ခုန်ပြခဲ့ပြီး သူ့ရဲ့စွမ်းရည်ကိုပြသခဲ့ပြီးနောက်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 



"ဒီလိုကစားရတာကို ကျွန်တော်သဘောကျတယ်" လို့ အီဗရာက ပြောဆိုခဲ့ပြီးနောက် "လီဗာပူးလ်ကစားသမားအားလုံး၊ ကလပ်အသင်း၊ ဝန်ထမ်းတွေနဲ့ နည်းပြကို ကျွန်တော်ဂုဏ်ပြုပါတယ်၊ ဒါပေမယ့် ကောင်လေးတို့၊ မင်းတို့ အမှတ်ပေးဖလားကို နောက်ဆုံးရခဲ့တုန်းက ငါ ကိုးနှစ်သားလေးပဲရှိသေးတယ်၊ ဆန်းဒ်ဝှစ်ဝယ်စားဖို့ ဆိုင်တကာရှေ့မှာ ပိုက်ဆံလိုက်တောင်းနေခဲ့ရတာ၊ ဒီအတွက် မင်းတို့အောင်မြင်မှုကို မနာလိုစရာမရှိဘူး"

"ဒါကို အားလုံးကို သိစေချင်ရုံသက်သက်ပါ" လို့ အီဗရာက ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အီဗရာကတော့ ပြင်သစ်ကို ရောက်ရှိခဲ့ချိန်တုန်းက မိသားစုစီးပွားရေးအခြေအနေအရ လမ်းမထက်တွေမှာ ပိုက်ဆံလိုက်တောင်းနေခဲ့သူဖြစ်တယ်လို့ အတိအလင်းဝန်ခံပြောကြားထားခဲ့သူလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းက ချယ်လ်ဆိးကို အန်ဖီးလ်မှာ ၅-၃ နဲ့ အနိုင်ယူခဲ့ပြီး ဆုဖလားကိုင်မြှောက်ခဲ့တုန်းကလည်း ကွင်းအတွင်းမှာ ပရိသတ်တွေမရှိဘဲ အောင်ပွဲခံရတာကို မြင်ရလို့ ဝမ်းသာမိတယ်လို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။ အီဗရာရဲ့ အခုထပ်ပြောဆိုခဲ့မှုက လီဗာပူးလ်ပရိသတ်တွေကို တော်တော်လေးတော့ ဒေါသထွက်စေမှာသေချာပါတယ်။ 


Author


က္က