သူမျှော်လင့်ထားတာထက် ပိုမိုတဲ့အောင်မြင်မှုတွေလို့လည်း ဝန်ခံခဲ့ပါတယ်။
Pyae Phyo Thein

ချယ်လ်ဆီးရဲ့ နိုင်ပွဲဟာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဖလားရရှိစေဖို့ သေချာသွားစေခဲ့ပြီး လက်ကျန် ၇ ပွဲအလိုမှာ သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကို လီဗာပူးလ်အသင်းသားတွေဟာ ဟိုတယ်တစ်ခုမှာ စုပေါင်းကြည့်ရှုခဲ့ကြပြီးနောက် ချယ်လ်ဆီးအသင်းအနိုင်ရသွားချိန်မှာ အောင်ပွဲခံခဲ့ကြပါတယ်။ ချယ်လ်ဆီးရဲ့ နိုင်ပွဲဟာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဖလားရရှိစေဖို့ သေချာသွားစေခဲ့ပြီး လက်ကျန် ၇ ပွဲအလိုမှာ သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းသားတွေဟာ ပါတီပွဲလုပ်အောင်ပွဲခံခဲ့ပြီးတော့ ပျော်ရွှင်နေခဲ့ကြပါတယ်။ ကလော့ပ်ကတော့ စိတ်ခံစားချက်အပြည့်နဲ့ အင်တာဗျူးဖြေဆိုနေခဲ့တာကိုတွေ့ခဲ့ရပြီး စိတ််မထိန်းနိုင်ဘဲ ငိုကြွေးနေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ကလော့ပ်ကိုယ်တိုင်ကလည်း သူ့ရဲ့ စိတ်ခံစားချက်ပြင်းထန်နေတယ်လို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ ့အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

"ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိလာအောင် ကြိုးစားခဲ့ရပြီးတော့ အတူတကွအလုပ်လုပ်ခဲ့ကြရတာပါ၊ တကယ်ကို ခမ်းနားကြီးကျယ်တဲ့အခိုက်အတန့်ပါပဲ၊ ကျွန်တော့်စိတ်ခံစားချက်အရမ်းပြင်းထန်နေပါတယ်၊ ဒီလိုခံစားနေရမယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး" လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ အန်ဖီးလ်ကွင်းအပြင်မှာတော့လည်း လီဗာပူးလ်ပရိသတ်တွေဟာ အောင်ပွဲခံခဲ့ကြပါသေးတယ်။ 

"ဒီဆုဖလားက သူတို့အတွက်ပါ၊ တကယ်ကို မယုံကြည်နိုင်စရာပါပဲ၊ အိမ်မှာ၊ ဒါမှမဟုတ် အိမ်ရှေ့မှာ အောင်ပွဲခံကြပါ၊ ဒါက တကယ်ကိုပျော်ရွှင်စရာပါပဲ" လို့ ကလော့ပ်က ပြောဆိုခဲ့ပါသေးတယ်။ ဒီလိုပြောဆိုနေစဉ်အတွင်းမှာပဲ ကလော့ဟာ မျက်ရည်တွေကျလာခဲ့ပြီးတော့ သူ့ရဲ့စိတ်လှုပ်ရှားနေမှုတွေကို မဖုံးကွယ်ထားနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 

လီဗာပူးလ်အသင်းရဲ့ အောင်မြင်မှုကို အသင်းနည်းပြဟောင်းကင်နီဒဲဂလစ်ရှ် နဲ့ အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်တို့က နည်းပြကလော့ပ်ကို ဆက်သွယ်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်လာမယ့်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲမှာ ဆုဖလားကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။ 


Author


က္က