လိုက်မီဖို့ခက်ခဲသွားပြီလို့ ဝန်ခံခဲ့တာပါ။
Pyae Phyo Thein

 ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး ရှက်ဖီးနဲ့ပွဲကို ပါဝင်ကစားခဲ့ကာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ အဂူရိုက ပွဲအပြီးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 


မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက လီဗာပူးလ်ကို လက်မြှောက်အရှုံးပေးစကားဆိုခဲ့အပြီးမှာ မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုကလည်း လီဗာပူးလ်ကို လိုက်မီဖို့ အရမ်းခက်ခဲလွန်းသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး ရှက်ဖီးနဲ့ပွဲကို ပါဝင်ကစားခဲ့ကာ အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ အဂူရိုက ပွဲအပြီးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

မန်စီးတီးကတော့ ဝုလ်ကို အဝေးကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ ၁၄ မှတ်အထိ ကွာဟသွားခဲ့တာဖြစ်ပါတယ်။ မနေ့ညက ပွဲမှာ ရှက်ဖီးကို အဂူရို၊ ဒီဘရိုင်းတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးလ်ကလည်း ဝုလ်ဗ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့လို့ သူတို့နှစ်သင်းကြားကွာဟချက်က နဂိုအတိုင်းသာ ရှိနေခဲ့တာဖြစ်ပါတယ်။

"အခုဆိုရင် လီဗာပူးလ်က လိုက်မီဖို့ ခက်ခဲသွားပါပြီ၊ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ကို ဝင်ရောက်ကစားနိုင်ဖို့အတွက်သာ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒီလိုပုံစံအတိုင်းပဲ ကစားသွားမှာစြဖ်ပြီး ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ၊ လူတိုင်းက ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီလို့ ပြောနေကြပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးမရှိတော့ဘူးလို့ ဆိုကြပါတယ်"

"ကျွန်တော်တို့တွေ ကိုယ့်အကြောင်းကိုယ်စဉ်းစားပြီး နောက်ပွဲအတွက်ပဲ ပြင်ဆင်ရတော့မှာပါ၊ အနိုင်ရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကိုပဲ တွေးရတော့မှာပါ" လို့ အဂူရိုက ပြောဆိုသွားခဲ့ကြောင်း Goal.comu ဖော်ပြခဲ့ပါတယ်။ ဆက်စပ်သတင်းတွေအရ ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၁၀၀ ကို အလျင်မြန်ဆုံးပြည့်မြောက်ခဲ့တဲ့ နည်းပြဖြစ်လာခဲ့တယ်လို့ သိရပါတယ်။


ပွဲပေါင်း ၁၃၄ ပွဲမှာ ရာပြည့်ပွဲအနိုင်ရရှိခဲ့တာဖြစ်ပြီး မော်ရင်ဟိုရဲ့ စံချိန်ကို ကျော်လွန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါမှတ်တမ်းရရှိခဲ့တဲ့အတွက် ဂွာဒီယိုလာက အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့်ဖြစ်တယ်လို့ ချီးကျူးစကားပြောဆိုခဲ့ပါတယ်။ 


က္က