အသင်းသားတွေကို ခြေစွမ်းထိန်းသိမ်းဖို့ သတိပေးခဲ့တာပါ။
Pyae Phyo Thein

ဒီဘရိုင်း၊ စတာလင်၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေအပြင် ချိန်ဘာလိန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် မန်စီးတီးက ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။


လီဗာပူးလ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာက သူတို့အတွက် ပြီးဆုံးမှုမဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်ကို အိမ်ကွင်းမှာဂိုးပြတ်ချေမှုန်းနိုင်ခဲ့လို့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ဂွာဒီယိုလာက ချီးကျူးခဲ့ပြီး အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်ရဦးမယ်လို့ သတိပေးခဲ့ပါတယ်။ 

ဒီဘရိုင်း၊ စတာလင်၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေအပြင် ချိန်ဘာလိန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် မန်စီးတီးက ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ နည်းပြယာဂင်ကလော့ပ်နဲ့ လီဗာပူးလ်အသင်းအတွက်တော့ စိတ်ပျက်စရာရလဒ်ဖြစ်ခဲ့ရပြီး ကြီးမားတဲ့အရှုံးရလဒ်နဲ့သာ ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံအဖြစ်နဲ့ ကစားခဲ့တဲ့ ပထမဆုံးပွဲမှာပဲ မျက်နှာပျက်ခဲ့ရပါတယ်။ 

ဂွာဒီယိုလာက "ကျွန်တော်ကျေနပ်ပါတယ်၊ အသင်းကိုလည်း ဂုဏ်ပြုပါတယ်၊ ကျွန်တော်တို့က အရည်အသွေးပြည့်ဝတဲ့ ချန်ပီယံအသင်းကိုအနိုင်ရရှိခဲ့တာပါ၊ လက်ခုပ်တီးဂုဏ်ပြုနေချိန်မှာ သူတို့တွေ ဒီပွဲကို ဘယ်လောက်အာရုံစိုက်လဲဆိုတာ ကျွန်တော်မြင်ခဲ့ရပါတယ်၊ သူတို့ရဲ့ မျက်နှာတွေမှာ ငါတို့က ချန်ပီယံဆိုတဲ့အငွေ့အသက်တွေနဲ့ပါ၊ ဒီကို အောင်ပွဲခံဖို့ သူတို့လာခဲ့ကြတာမဟုတ်ပါဘူး"

"ကျွန်တော်တို့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပြီး ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်၊ ဒါက အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားရမယ့်ပွဲအတွက် ပြင်ဆင်ဖို့ အရေးကြီးခဲ့ပါတယ်" လို့ Sky Sports ကို ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့အဖြစ် ရီးရဲလ်နဲ့ ကစားရမှာဖြစ်ပြီး ပထမအကျော့အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

အက်ဖ်အေဖလားမှာတော့ ဆီမီးဖိုင်နယ်ကိုတက်ရောက်ထားကာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အဆိုပါပွဲတွေအတွက် အာရုံစိုက်ဖို့ အသင်းသားတွေကို ဂွာဒီယိုလာက သတိပေးခဲ့ပြီး လီဗာပူးလ်နဲ့ပွဲက ခြေစွမ်းကို ထိန်းသိမ်းထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 





Author


က္က