ဂယ်ရီလိုင်နီကာက ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်အနေနဲ့ လက်ကျန်ပွဲပေါင်း ၂ဝမှာ ရှုံးပွဲ ၄ ပွဲအထိ ကြုံခဲ့ပြီး ဒုတိယနေရာကအသင်းက ပွဲတွေဆက်တိုက်အနိုင်ယူခဲ့မယ်ဆိုရင် ရမှတ်ကွာဟချက်ရှိနေဦးမှာဖြစ်ပါတယ်။


အင်္ဂလန်နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီလိုင်နီကာက ဝုလ်ဗ်ကို မန်စီးတီးအသင်းအရေးနိမ့်ခဲ့အပြီးမှာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်ချန်ပီယံအသင်းအဖြစ်နဲ့ ချီးကျူးဂုဏ်ပြုစကား ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးကတော့ အဝေးကွင်းမှာ ဝုဗ်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး တစ်ပွဲပိုကစားပြီးချိန်မှာတောင်မှ ၁၄ မှတ်ကွာဟနေခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးသိပ်မကြာခင်မှာပဲ လိုင်နီကာက သူ့ရဲ့တွစ်တာအကောင့်မှာ "ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လို့ ဂုဏ်ယူပါတယ် လီဗာပူးလ်" လို့ ရေးသားသွားခဲ့တာဖြစ်ပါတယ်။ လိုင်နီကာပြောဆိုခဲ့သလိုပဲ လီဗာပူးလ်က ရာသီဝက်ကစားပြီးချိန်မှာတင် ချန်ပီယံဆုဖလားရယူနိုင်ဖို့ အခွင့်အလမ်းက တော်တော်လေးများပြားသွားခဲ့တာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အနေနဲ့ လက်ကျန်ပွဲပေါင်း ၂ဝမှာ ရှုံးပွဲ ၄ ပွဲအထိ ကြုံခဲ့ပြီး ဒုတိယနေရာကအသင်းက ပွဲတွေဆက်တိုက်အနိုင်ယူခဲ့မယ်ဆိုရင် ရမှတ်ကွာဟချက်ရှိနေဦးမှာဖြစ်ပါတယ်။ လက်ကျန်ပွဲပေါင်းရဲ့ ၅ချိုး ၁ချိုးအနေအထားထိကို လီဗာပူးလ်က ခြေချော်ခဲ့မယ်ဆိုရင်တောင် ဆုဖလားအတွက် အခွင့်အလမ်းက ရှိနေဦးမှာဖြစ်ပါတယ်။ 

မန်စီးတီးနည်းပြဂွာဒီယိုလာကိုယ်တိုင်ကလည်း အမှတ်ပေးဖလားတိုက်ပွဲက ပြီးဆုံးသွားခဲ့ပြီလို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာက လက်ရှိအချိန်မှာ လီဗာပူးလ်ကို လိုက်မီဖို့ထက် လက်စတာကို ကျော်ပြီး အဆင့် ၂နေရာကို ရောက်ရှိအောင် ကြိုးစားတာက ပိုမိုလက်တွေ့ကျတယ်လို့ ပြောဆိုခဲ့ကြောင်း Daily Star သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 


က္က