loading...

loading...

loading...

လီဗာပူးလ်ထက် မန်စီးတီးက တစ်မှတ်အသာရသွားခဲ့ပါပြီ။
Pyae Phyo Thein

မန်ချက်စတာဒါဘီပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ အရေးနိမ့်ခဲ့မှုက လီဗာပူးလ်အတွက် စိတ်ပျက်စရာတစ်ခုတော့ ဖြစ်သွားခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာတော့ မန်စီးတီးက အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို (၂-ဝ)နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘာနာဒိုဆေးလ်ဗား နဲ့ ဆာနေးတို့က ဂိုးတွေအသီးသီး သွင်းယူခဲ့ကြတာဖြစ်ပြီး မန်စီးတိးဟာ အမှတ်ပေးဇယားမှာ လီဗာပူးလ်ထက် တစ်မှတ်အသာနဲ့ ဦးဆောင်လိုက်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ခြေတစ်လှမ်းအသာ ရရှိသွားခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့ပြီးနောက်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာက အိုးထရက်ဖို့ဒ်မှာ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မန်စီးတီးဟာလည်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို (၇)ကြိမ်အထိ အနိုင်ရရှိကာ ပရီးမီးယားလိဂ်က ဘယ်အသင်းထက်မဆို အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲအများဆုံးရတဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်ကစားပုံကောင်းမွန်နေခဲ့လို့ မန်စီးတီးတို့ အခက်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်က ရှုံးပွဲတွေ၊ ဝေဖန်မှုတွေကနေ ရုန်းထွက်လာနိုင် ကြိုးစားကစားသွားခဲ့ပြီး ထင်မှတ်မထားတဲ့ တုံ့ပြန်မှုတွေကြောင့် မန်စီးတီး ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ မန်စီးတီးက ပိုကောင်းမွန်ခဲ့ပြီး (၅၄)မိနစ်မှာ ဘာနာဒိုဆေးဗား၊ (၆၆)မိနစ်မှာ ဆာနေးတို့က ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာလည်း ၁၉၇၁၊ သြဂုတ်လနောက်ပိုင်း ပြိုင်ပွဲစုံ (၁၂)ပွဲဆက်တိုက် ပထမဆုံးအကြိမ်ဂိုးတွေ ခွင့်ပြုခဲ့ရပြီး ပေးဂိုးမရှိပွဲဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၉)ပွဲမှာ (၇)ပွဲအထိ အရေးနိမ့်ခဲ့ပြီး အဆင့် (၃)နေရာက စပါးနဲ့ (၆)မှတ်အထိ ကွာဟသွားခဲ့ကာ ချယ်လ်ဆီးနဲ့ (၃)မှတ်ကွာဟနေခဲ့ပါပြီ။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူနိုက်တက်တို့ အခက်အခဲတွေ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်စီးတီးကတော့နိုင်ပွဲရခဲ့လို့ လက်ကျန် (၃)ပွဲအလိုမှာ လီဗာပူးလ်ထက် တစ်မှတ်အသာရခဲ့ပြီး မန်ချက်စတာဒါဘီပွဲမှာ မန်ချက်စတာယူနိုက်တက်တို့ အရေးနိမ့်ခဲ့မှုက လီဗာပူးလ်အတွက် စိတ်ပျက်စရာတစ်ခုတော့ ဖြစ်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က