မနက်ဖြန်မှာ ကစားရတော့မှာဖြစ်ပါတယ်။
Pyae Phyo Thein

ပထမအကျော့မှာ လီဗာပူးလ်နဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး မန်စီးတီးကို အနိုင်ရခဲ့တာကြောင့် အသင်းအနေနဲ့ ပြုလုပ်နိုင်မယ်လို့လည်း မက်ဂွိုင်းယားက ယုံကြည်နေပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်သစ်ဖြစ်လာခဲ့တဲ့ နောက်ခံလူဟယ်ရီမက်ဂွိုင်းယားက မနက်ဖြန်မှာကစားရမယ့် လီဗာပူးလ်နဲ့ပွဲကို အံ့အားသင့်ဖွယ်ရလဒ်ထွက်ပေါ်အောင် ကစားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပထမအကျော့မှာ လီဗာပူးလ်နဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး မန်စီးတီးကို အနိုင်ရခဲ့တာကြောင့် အသင်းအနေနဲ့ ပြုလုပ်နိုင်မယ်လို့လည်း မက်ဂွိုင်းယားက ယုံကြည်နေပါတယ်။ 

ယူနိုက်တက်ဟာ ဒီရာသီမှာ လီဗာပူုးလ်ဆီက ရမှတ်ရယူနိုင်တဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၇ ဧပြီလနောက်ပိုင်း အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ရတဲ့ အသင်းမရှိခဲ့တော့ဘဲ ယူနိုက်တက်က အနိုင်ရရှိဖို့အတွက် ယုံကြည်မှုအပြည့်ရှိတယ်လို့ မက်ဂွိုင်းယားက ပြောဆိုခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

"ဟုတ်ပါတယ်၊ အဲဒါက ကျွန်တော်တို့ကို ယုံကြည်မှုအပြည့်ပေးခဲ့ပါတယ်၊ ဘယ်လိုပွဲကိုမဆို ယုံကြည်မှုအပြည့်နဲ့ ကျွန်တော်တို့ ကစားသွားမှာပါ၊ လီဗာပူးလ်ကို သရေကျခဲ့ပြီး မန်စီးတီးကို ကျွန်တော်တို့ အနိုင်ယူခဲ့ပါတယ်၊ အခုချိန်မှာ ဒီအသင်းတွေက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေဖြစ်ပါတယ်၊ ဒါကြောင့် ဘယ်လိုပွဲမျိုးကမဆို အနိုင်သုံးမှတ်ရဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်" လို့ မက်ဂွိုင်းယားက ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းက မာနေး၊ ဆာလာနဲ့ ဖာမီနိုတို့ရဲ့ တိုက်စစ်ပိုင်းကို ဟန့်တားရမယ့် မက်ဂွိုင်းယားက "သူတို့က ထိပ်တန်းကစားသမားတွေပါ၊ ဒါပေမယ့် အပတ်တိုင်းလိုလို ပရီးမီးယားလိဂ်မှာ ထိပ်တန်းကစားသမားတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာပါ၊ သူတို့က လီဗာပူးလ်မှာ ပူးပေါင်းကစားနိုင်စွမ်းကောင်းမွန်နေပြီး ရပ်တန့်ဖို့ခက်ခဲပါတယ်၊ ဒါက စိန်ခေါ်မှုတစ်ခုပါပဲ၊ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်မယ်ဆိုရင် သူတို့တွေလည်း စိုးရိမ်ထိတ်လန့်နေမှာ သေချာပါတယ်" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 


Author


က္က