ကီပါဟာ ဘောလုံးထွက်မဆွဲပဲ ရပ်ကြည့်နေခဲ့တာပါ။
Pyae Phyo Thein

သူနဲ့ အသင်းဖော်ခံစစ်မှူးတွေကြားမှာလည်း ပွဲချိန်တွင်းချိတ်ဆက်ပုံအားနည်းနေခဲ့ပြီးတော့ ကီပါရဲ့ နေရာယူပုံအားနည်းမှုတွေကို ခံစစ်မှူးတွေက လိုက်ပြီးတော့ သတိပေးနေခဲ့ရပါတယ်။


ချယ်လ်ဆီးအသင်းမှာ ပုံမှန်လက်စွမ်းမပြနိုင်ဘဲရှိနေတဲ့ ကီပါဟာ မနေ့ကကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာလည်း တစ်ပွဲတည်းငါးဂိုးအထိ ခွင့်ပြုခဲ့ရပါတယ်။ လမ်းပတ်ရဲ့ အသင်းဟာ လီဗာပူးလ်ကို အရေးနိမ့််ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ကစားရဖို့လည်း ရှိလာခဲ့ပြီဖြစ်ကာ ကီပါဟာလည်း ပွဲအပြီးမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ကီတာ၊ အာနိုးလ်၊ ၀ိုင်နယ်ဒမ်၊ ဖာမီနို နဲ့ ချိန်ဘာလိန်တို့က တစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြရာမှာ ကီပါနဲ့ ကာကွယ်ခဲ့ပုံတွေကလည်း မေးခွနး်ထုတ်စရာအဖြစ်ရှိနေခဲ့ပါတယ်။ သူနဲ့ အသင်းဖော်ခံစစ်မှူးတွေကြားမှာလည်း ပွဲချိန်တွင်းချိတ်ဆက်ပုံအားနည်းနေခဲ့ပြီးတော့ ကီပါရဲ့ နေရာယူပုံအားနည်းမှုတွေကို ခံစစ်မှူးတွေက လိုက်ပြီးတော့ သတိပေးနေခဲ့ရပါတယ်။



အန်ဒရူးရောဘတ်ဆန်က အလွတ်တည်ကန်ဘောကတဆင့် ကန်သွင်းဖို့ ဟန်ပြင်နေစဉ်မှာ ကီပါဟာ မူလရပ်နေတဲ့နေရာကနေ တစ်ဖဝါးမှမခွာဘဲရှိနေခဲ့ပါတယ်။ ရောဘတ်ဆန်ရဲ့ ကန်တင်ပေးမှုက ဧရိယာအတွင်းကို ရောက်လာခဲ့ပြီး ဗန်ဒိုက်က ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ရာမှာ အသင်းဖော်ခံစစ်ကစားသမားတွေအားလုံးက ကီပါကို ၀ိုင်းဝန်းကာ အော်ဟစ်သတိပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပြီး အခြေအနေဆိုးရွားခဲ့တယ်လို့ Daily Express က ဖော်ပြခဲ့ပါတယ်။ 

ကီပါဟာ ဘီလ်ဘာအိုကနေ ချယ်လ်ဆီးကို ပေါင် ၇၁ သန်း နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဆိုပါငွေကြေးဟာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဒီရာသီမှာ ပေးဂိုး ၅၄ ဂိုးအထိရှိခဲ့ပြီးတော့ ထိပ်ဆုံးအသင်းငါးသင်းထဲမှာ ပေးဂိုးအများဆုံးအသင်းအဖြစ်နဲ့လည်း ရပ်တည်နေပါတယ်။ 

လက်ရှိမှာ ချယ်လ်ဆီးက ဂိုးသမားသစ်တစ်ဦးရှာဖွေနေပြီး ယူနိုက်တက်ဂိုးသမားဒင်းဟန်ဒါဆန်၊ အက်သလက်တီကိုဂိုးသမား အော့ဘလက်ခ်တို့ကို ပစ်မှတ်ထားကြိုးစားနေပါတယ်။ 


Author


က္က