ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လှည့်လည်အောင်ပွဲခံခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်အမာခံပရိသတ်ဟာ အောင်ပွဲခံမှုအတွက် စုစုပေါင်းကုန်ကျငွေဟာ ထိုင်းဘတ်ငွေ ၁ဝသန်းရှိတယ်လို့သိရပြီး ပေါင်နှစ်သိန်းခွဲကျော်ကုန်ကျခဲ့တာဖြစ်ပါတယ်။ 


ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Kongkiat ဟာ အမိုးဖွင့်ထရပ်ကားတစ်စီးကို အောင်ပွဲခံကားအဖြစ်ပြင်ဆင်ခဲ့ကာ ပေါင်နှစ်သိန်းခွဲအထိ အကုန်အကျခံခဲ့ပြီး လီဗာပူးလ်အသင်းပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခင်မှာပဲ အကြိုအောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် သေချာသလောက်ရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။ 

နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်တေ့ာမယ့် လီဗာပူးလ်အသင်းနဲ့အတူ ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားနေပြီး အကြီးအကျယ်အောင်ပွဲခံဖို့ ပြင်ဆင်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မထင်မှတ်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းနဲ့အတူ အောင်ပွဲခံဖို့အတွက်တော့ အင်္ဂလန်က ပရိသတ်တွေအတွက် အခက်တွေ့နေခဲ့ရပါပြီ။

ဒါပေမယ့် ထိုင်းနိုင်ငံမြောက်ပိုင်း Phayao မှာ နေထိုင်တဲ့ Kongkiat ကတော့ သူ့ဒေသအတွင်းမှာ အသင်းအတွက် ကြိုတင်အောင်ပွဲခံမှုတွေကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ ထရပ်ကားအသစ်တစ်စီးကို အနီရောင်ဆေးတွေသုတ်ခဲ့ပြီးတော့ လီဗာပူးလ်အသင်းရဲ့ လိုဂိုဖြစ်တဲ့ လိုင်ဗာငှက်ကိုရေးဆွဲထားခဲ့ကာ အသင်းရဲ့နာမည်ကျော် "You'll never walk alone" ဆိုတဲ့ စာတန်းကိုလည်း ရေးထိုးထားခဲ့ပါတယ်။ 

Kongkiat သန်းနဲ့ချီပြီးတော့ကြွယ်ဝတဲ့လယ်ယာစီးပွားရေးသမားတစ်ဦးလို့ သိရပြီး ပရီးမီးယားလိဂ်ပွဲတွေပြန်လည်စတင်ဖို့ကို စောင့်ဆိုင်းနေရတာကို ပျင်းရိလာတဲ့အတွက် သူငယ်ချင်းတွေကို ပါတီလုပ်ပေးခဲ့ကာ အောင်ပွဲခံခဲ့တာလို့သိရပါတယ်။ လီဗာပူးလ်အမာခံပရိသတ်ဟာ အောင်ပွဲခံမှုအတွက် စုစုပေါင်းကုန်ကျငွေဟာ ထိုင်းဘတ်ငွေ ၁ဝသန်းရှိတယ်လို့သိရပြီး ပေါင်နှစ်သိန်းခွဲကျော်ကုန်ကျခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော့်အသင်းက ဆုဖလားကိုင်မြှောက်နေချိန်မှာ ကျွန်တော်က အခြားလီဗာပူးလ်ပရိသတ်တွေနဲ့အတူ အမိုးဖွင့်ထရပ်ကားပေါ်လိုက်ပါပြီးတော့ အောင်ပွဲခံသွားဖို့စီစဉ်ခဲ့တာပါ၊ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲတွေရွှေ့ဆိုင်းခဲ့ရလို့ အကြိုအောင်ပွဲခံခဲ့တာဖြစ်ပါတယ်၊ အသင်းသာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ငွေတွေသုံးစွဲရတာ တန်ပါတယ်၊ ဒါက နှစ်ပေါင်း ၃ဝအတွင်းမှာ ပထမဆုံးရမယ့် အမှတ်ပေးဖလားပါ၊ ဒီအောင်ပွဲခံမှုနဲ့ ပရိသတ်တွေက ထိုက်တန်ပါတယ်" သူကပြောခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က