ရပ်တန့်မရတဲ့အသင်းဖြစ်နေပြီလို့ ပြောဆိုခဲ့ပါသေးတယ်။
Pyae Phyo Thein

လီဗာပူးလ်အသင်းဟာ ရပ်တန့်မရတဲ့အသင်းလို့လည်း တင်စားသုံးနှုန်းခဲ့ပြီး သူ့အနေနဲ့ ထိပ်ဆုံးလေးသင်းအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက သူ့အနေနဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်ပွဲကို စောင့်ကြည့်နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာက လီဗာပူးလ်အသင်းဟာ ရပ်တန့်မရတဲ့အသင်းလို့လည်း တင်စားသုံးနှုန်းခဲ့ပြီး သူ့အနေနဲ့ ထိပ်ဆုံးလေးသင်းအဆင့်မှာ ရပ်တည်နိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ မန်စီးတီးတို့ကတော့ ရမှတ် ၁၄ မှတ်အထိကွာဟနေတာဖြစ်ပြီး လီဗာပူးလ်က ၂၁ပွဲကစားပြီးချိန်မှာ ပွဲ ၂ဝအထိ အနိုင်ရရှိခဲ့ပြီး တစ်ပွဲသရေကျကာ ခြေစွမ်းဆက်တိုက်ပြသနေခဲ့ပါတယ်။ မန်စီးတီးကတော့ မထင်မှတ်တဲ့ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဒီရာသီမှာ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် ရမှတ်တွေလျော့နည်းခဲ့ရပါတယ်။ 

"ကျွန်တော်တို့နှစ်သင်းက အရမ်းအလှမ်းကွာနေပါပြီ၊ သူတို့က ရပ်တန့်မရတဲ့အသင်းပါ၊ ကျွန်တော်တို့ ရမှတ်တွေလျော့နည်းခဲ့ရပြီး ပေးဂိုးတွေပေးခဲ့ရသလို နိုင်ပွဲလည်း ပျောက်ခဲ့မှုတွေရှိခဲ့ပါတယ်၊ လီဗာပူးလ်နဲ့ ယူနိုက်တက်ပွဲစဉ်က ရလဒ်တစ်ခုပဲဖြစ်မှာပါ၊ ကျွန်တော်တို့ ရှေ့ဆက်နေပေမယ့် တကယ့်အစစ်အမှန်က ဘာလဲဆိုတာ လိမ်လို့မရပါဘူး၊ သူတို့က ၂၁ပွဲမှာ ပွဲ၂ဝအထိ အနိုင်ရထားတာပါ"

"အခုချိန်မှာ ဇာဟာနဲ့ ပဲလေ့စ်ကို အာရုံစိုက်ထားတာက ပိုကောင်းပါတယ်၊ ပြီးတော့ အင်္ဂါနေ့မှာ ကျွန်တော်တို့ ရှက်ဖီးနဲ့ ကစားရဦးမှာပါ၊ သူတို့နဲ့ အမှတ်ပြတ်နေမှုက လီဗာပူးလ်ဘာလုပ်မလဲဆိုတာကို စိတ်ဝင်စားစရာမလိုတော့တဲ့ သဘောပါပဲ၊ ကျွန်တော်တို့ ရာသီကုန်ချိန်ထိ ဘာလုပ်ပြနိုင်

မလဲဆိုတာကို အာရုံစိုက်တာပိုကောင်းပါတယ်၊ ပရီးမီးယားလိဂ်နဲ့ အခြားပြိုင်ပွဲတွေမှာပေါ့" လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ 

လက်ရှိမှာတော့ မန်စီးတီးက အဆင့် ၅နေရာကနေ မန်ချက်စတာယူနိုက်တက်ကို ၁၃ မှတ်ဖြတ်ထားနိုင်လို့ ထိပ်ဆုံးလေးသင်းစာရင်းကို သေချာပေါက်ရယူနိုင်မှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာတော့ ဂွာဒီယိုလာက အဆင့် ၂နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုမှုတွေ ရှိထားခဲ့တယ်လို့ Sports.ndtv က ဖော်ပြသွားခဲ့ပါတယ်။


Author


က္က