အန်းဖီးပရောဂျက်မပြီးဆုံးသေးဘူးလို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းမှာ ပျော်ရွှင်နေကြောင်းနဲ့ အန်းဖီးမှာ ၎င်းရဲ့စီမံကိန်းဟာ မပြီးဆုံးသေးကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ လီဗာပူးအသင်းဘုတ်အဖွဲ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ကလော့ပ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာ အမှန်ကန်ဆုံးဖြစ်ခဲ့ပါတယ်။

ယာဂင်ကလော့ပ်ဟာ ၃ နှစ်ခွဲအတွင်း လီဗာပူးအသင်းကို ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအမှတ်ပေးဖလားကို ရယူနိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေတာဖြစ်ပါတယ်။



မန်ချက်စတာစီးတီးအသင်းဟာ လီဗာပူးအသင်းထက် ၁ ပွဲလျော့ ၂ မှတ်အကွာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းကို ဖလား ၃ လုံးဗိုလ်လုပွဲအထိရောက်ရှိအောင် ဦးဆောင်နိုင်ခဲ့ပေမယ့် တစ်ခုမှ မရရှိခဲ့တာဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ လာမယ့်အချိန်တွေမှာ ဘယ်အချိန်မဆို အသင်းကို စွန့်ခွာသွားဖို့ စဉ်းစားမှာမဟုတ်ကြောင်း Liverpool Echo ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် လီဗာပူးအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။ ပြီးတော့ ဒီဟာကို ကျွန်တော်တို့ အဆုံးသတ်သင့်တယ်လို့ ခံစားနေရတဲ့သူလည်း ဒီနေရာမှာ တစ်ယောက်မှမရှိပါဘူး။ ကျွန်တော့်ရဲ့ဘက်ကရော၊ အသင်းပိုင်ရှင်ဘက်ကရော မရှိပါဘူး။ ဒီနေ့မှာတော့ ကျွန်တော် လုံးဝကို ပျော်ရွှင်နေပါတယ်။ ဒီနေရာမှာ ကျွန်တော်တော့ သွားပြီလို့ တစ်ခါမှ မခံစားဖူးပါဘူး။ ကျွန်တော်တို့အသင်းဟာ အသက်အရွယ်တည်ဆောက်ပုံကလည်း ကောင်းမွန်ပြီး အချိန်တစ်ခုလောက်တော့ ကျွန်တော်တို့ အတူတူ အလုပ်လုပ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က