ဒီကနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ ကစားပါမယ်။

၈ ပွဲဆက် အနိုင်ရထားတဲ့ လီဗာပူးကို အိမ်ကွင်းဧည့်ခံ ကစားရမယ့်အချိန် အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်ကောင်းလာပြီး အသင်းလူစာရင်းပါလာတာကတော့ နည်းပြဆိုးလ်ရှားအတွက် အားဆေးတစ်ခွက် ဖြစ်လာ စေပါတယ်။


လီဗာပူးနဲ့ပွဲကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ဖို့များနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အဓိက ဂိုးသမား ဒီဂီယာကတော့ အသင်းရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာတယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါ တယ်။



ဒီဂီယာအနေနဲ့ ဒီတစ်ပတ်အစောပိုင်းရက်က စပိန်အသင်းအတွက် ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့ပြီးနောက် ယူနိုက်တက်နဲ့ပွဲကို လွဲချော်မယ်လို့သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းရဲ့ လော်ရီဟိုတယ်ကိုလာတဲ့လူစာရင်းမှာ ဒီဂီယာလည်း ပါဝင်လာလို့ ဒီည ကစားမယ့် လီဗာပူးနဲ့ပွဲမှာ ဒီဂီယာပဲ ပွဲထွက်ကစားမယ်လိုု့ မူလအတိုင်း သတ်မှတ်ထားနိုင်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းနဲ့အတူ ၈ ပွဲလောက် လွဲချော်ထားတဲ့ အဓိက တိုက်စစ်မှူး အန်သိုနီမာရှယ်လည်း အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။



မာရှယ် လွဲချော်နေမှုနဲ့အတူ ယူနိုက်တက်အသင်းလည်း ဂိုးမိုးခေါင်နေရပြီး ဒါဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုအဖြစ် ရှိနေပါစေဦးတော့ မာရှယ်ရဲ့ အရေးပါမှုက ထင်ဟပ်စေပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၃ ပွဲလောက်ကို လွဲချော်ထားတဲ့ နောက်ခံလူ ဝမ်ဘစ်ဆကာလည်း ပြန်လည်ပါဝင်လာလို့ မန် ချက်စတာယူနိုက်တက်အသင်းအတွက် လူစုံတက်စုံ ဖြစ်နေပါတော့တယ်။

ယူနိုက်တက်အသင်းအတွက် လက်ရှိမှာ လွဲချော်နေသူကတော့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ လုခ်ရှော၊ မာတစ်နဲ့ပေါ့ဂ်ဘာတို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က