ယူ-၁၈ ပွဲမှာ အနီးကပ် စကားပြောနေတဲ့ဗီဒီယိုဖိုင်တက်လာတာပါ။

ယူ-၁၈ ပွဲရဲ့ ပထမပိုင်းပြီးချိန်မှာ ဖာဂူဆန်က ကွင်းအတွင်း ဆင်းလာပြီး တပည့်တွေ ဖြစ်တဲ့ ဆိုးလ်ရှားနဲ့ကာရစ်တို့ကို အနီးကပ်စကားလက်ဆုံ ပြောနေတဲ့ ဗီဒီယိုဖိုင် တက်လာခဲ့တာပါ။

စနေနေ့က ပြုလုပ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို အသင်းရဲ့ ဂန္တဝင် နည်းပြပြီး ဖာဂူဆန်ကိုယ်တိုင်လာရောက်ခဲ့ပြီး တပည့်ဟောင်း ဆိုးလ်ရှားကို အနီးကပ်ကူညီပေးမှုတွေ ပြု လုပ်ပေးခဲ့တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။



ဒီသတင်းကိုတော့ မန်ချက်စတာယူနိုက်တက်အသင်းက အသင်းရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာတစ်ခု ဖြစ်တဲ့ တွစ်တာစာမျက်နှာထက်မှာ ဗီဒီယိုဖိုင်အတိုလေး တင်ထားခဲ့တာပါ။



ဖာဂူဆန်အနေနဲ့ ယူနိုက်တက် ယူ-၁၈ နဲ့မစ်ဒယ်ဘရော့ ယူ-၁၈ တို့ကစားခဲ့တဲ့ပွဲစဉ်မှာ စီနီယာအသင်းနည်းပြ ဆိုးလ်ရှားနဲ့လက်ထောက်နည်းပြ ကာရစ်တို့ကိုအနီးကပ်ခေါ်ယူစကားပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးချိန်မှာ ဖာဂူဆန်က ကွင်းအတွင်းဆင်းလာပြီး ဆိုးလ်ရှားနဲ့ ကာရစစ်တို့ကို စကားပြောဆို နေခဲ့တာ ဖြစ်ပြီး ဒါဟာ လီဗာပူးနဲ့ပွဲအတွက် တပည့်ဖြစ်သူတွေကို အကြံပေးနေတာသာ ဖြစ်မယ်လို့ Metro.com သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။

ဆိုးလ်ရှား ယာယီနည်းပြ ဖြစ်ချိန်မှာ ဖာဂူဆန်က ဆိုးလ်ရှားအပေါ် ယုံကြည်မှု အပြည့်အ၀ ပေးပြီး ထောက်ခံခဲ့ သလို ဆိုးလ်ရှားကလည်း ဖာဂူဆန်က သူ့အပေါ် ဘယ်လောက်တောင် လွှမ်းမိုးနေလဲဆိုတာ မကြာခဏ ပြော ဆိုလေ့ရှိသူပါ။

ယူနိုက်တက်ကတော့ ဒီကနေ့ည(အောက်တိုဘာ ၂၀) မြန်မာစံတော်ချိန် ၁၀ နာရီမှာ ၈ ပွဲဆက် နိုင်ထားတဲ့ ရာနှုန်းပြည့် လီဗာပူးအသင်းကို အိမ်ကွင်း ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က