ပွဲထွက်ပါဝင်နိုင်ခဲ့ပါတယ်။

နည်းစနစ်ပိုင်းအကြောင်းပြပြီး နည်းပြ အမ်မရီက အိုလ်ဇေးကို အသုံးပြုခဲ့ခြင်းမရှိပဲ လူစာရင်းက ချန်လှပ် ထားလို့ မီဒီယာတွေရဲ့မေးခွန်းတွေ များစွာ ထွက်ပေါ်နေခဲ့ပြီး အခုချိန်မှာတော့ အိုလ်ဇေးကို ပြန်လည်စတင် အသုံးပြုလာတာပါ။

လီဗာပူးနဲ့ ကစားခဲ့တဲ့ ကရာဘောင်ဖလား စတုတ္ထအဆင့် ပြိုင်ပွဲမှာ အသင်းနဲ့အတူ ပွဲထွက်ကစားနိုင်ခဲ့တဲ့ အိုလ်ဇေးကို လာမယ့် ဝုလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာလည်း ထပ်မံ အသုံးပြုနိုင်ဖွယ်ရှိတယ်လို့ နည်းပြ အမ်မရီက ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။





အိုလ်ဇေးအနေနဲ့ ပွဲထွက်ခွင့်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းသွင်းယူခဲ့တဲ့ ၃ ဂိုးမှာ ပါဝင်ပတ်သက်နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

“ အိုလ်ဇေးက ၆၅ မိနစ်ကို ကောင်းကောင်း လုပ်အားနှုန်းပြနိုင်ခဲ့ပါတယ်။၆၅ မိနစ်က သူ့အတွက် လုံးလောက်တဲ့ မိနစ်ဖြစ်တာကြောင့် လူစားလဲခဲ့တာပါ။လာမယ့် ဝုလ်နဲ့ပွဲမှာတော့ သူ့ကို အသုံးပြုဖွယ်ရှိပါတယ်။ လီဗာပူးနဲ့ပွဲမှာတော့ သူအကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။” လို့ အမ်မရီက ပြောခဲ့ပါတယ်။

အိုလ်ဇေးအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဒီရာသီမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပရီးမီးယားလိဂ်ပွဲကိုလည်း ၁ ပွဲသာ ပါဝင်ထားနိုင်ပြီး ရှုံးထွက်ဖလား ၂ ပွဲနဲ့ စုစုပေါင်း ၃ ပွဲသာ ပါဝင်ထားနိုင် ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က