ယူနိုက်တက်အနေနဲ့ ဒဏ်ကြေးငွေအချို့ ပေးဆောင်ရဖို့ရှိနေတာပါ။
Win Kyaw Min

ယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့အတွက် အခွင့်ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းသားတွေအနေနဲ့ လီဗာပူးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ခရစ်ပေါလ်ဆန်ကို ပြင်းထန်စွာစောဒကတက်ခဲ့ခြင်းကြောင့် အက်ဖ်အေရဲ့စွဲချက်တင် ခြင်းခံခဲ့ရပြီး အရေးယူခံရမယ့်အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်တယ်လို့ dailymail ကဖော်ပြလာ ပါ တယ်။

ပွဲစဉ်အတွင်း ယူနိုက်တက်ဂိုးသမားဒီဂီယာကို လီဗာပူးနောက်ခံလူဗန်ဒိုက်ချ်က ဥပဒေပကျူးလွန်ခဲ့ရာ ကနေ တိုက်စစ်မှူးဖာမီနိုက ဂိုးအဖြစ်ပြောင်းလဲခဲ့ခြင်းကို ကွင်းလယ်ဒိုင်ကခွင့်ပြုခဲ့တဲ့အတွက် ယူနိုက် တက်ကစားသမားတွေက ပြင်းထန်စွာစောဒကတက်ခဲ့တာလည်းဖြစ်ပါတယ်။



ကွင်းလယ်ဒိုင်ခရစ်ပေါလ်ဆန်အနေနဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွဲလ်ယား၊ ဂိုးသမား ဒီဂီ ယာနဲ့ အသင်းသားများရဲ့ စောဒကတက်ခဲ့ခြင်းကြောင့် VAR နည်းပညာအထောက်အကူရယူကာ ဂိုး အဖြစ်မှပြန်လည်ပယ်ဖျက်ပေးခဲ့ပေမယ့် အက်ဖ်အေကတော့ အခုလိုစွဲချက်တင်ခဲ့တာလည်းဖြစ်ပါတ ယ်။

“ ဖြစ်ရပ်က မြန်ဆန်လွန်းပါတယ်။ ဒါပေမဲ့ ကစားသမားတွေရော နည်းပြဆိုးလ်ရှားပါ တုံ့ပြန်မှုအရမ်းပြ င်းထန်ခဲ့ပါတယ်။ VAR ရှိနေရဲ့သားနဲ့ မလိုလားအပ်တဲ့ အပြုအမူအချို့က စွဲချက်တင်ဖို့ဖြစ်လာခဲ့တာပါ ”လို့ရုပ်သံတင်ဆက်သူယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သူ့ရဲ့အမြင်ကိုထုတ် ဖော် ခဲ့ပါတယ်။

အက်ဖ်အေရဲ့ထုတ်ပြန်ချက်အရ ယူနိုက်တက်ကစားသမားတွေရဲဲ့အပြုအမူက ကွင်းလယ်ဒိုင်ပေါ်လေး စားမှုမရှိတဲ့လုပ်ရပ်ဖြစ်ခဲ့ပြီးအသင်းနည်းပြ၊ အုပ်ချုပ်အဖွဲ့အနေနဲ့လည်း အသင်းသားတွေကို ထိန် းသိမ် း နိုင်ခြင်းမရှိတဲ့အတွက် အခုလိုစွဲချက်တင်ခံရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။


Author


က္က