ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေတာပါ။

လီဗာပူးအသင်းဟာ လိုင်လီကြယ်ပွင့်တိုက်စစ်မှူး နီကိုးလတ်စ်ပီပီကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့သတင်းတွေဟာ လုံးဝအလိမ်အညာတွေသာဖြစ်တယ်လို့ Liverpool Echo ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီကိုးလတ်စ်ပီပီဟာ ယခုနွေရာသီ လီဗာပူးအသင်းရဲ့ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းခြင်းခံထားရပြီး လီဗာပူးအသင်းဟာ တိုက်စစ်မှာ ဆာလာ၊ ဖာမီနို၊ မာနေးတို့ကိုချည်း မှီခိုနေရတဲ့အခြေအနေကို ရှောင်လွှဲဖို့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



RMC Sport ဂျာနယ်လစ် မိုဟာမက်ဘူဟက်ဖ်စီက Get French Football News ကို လီဗာပူးအသင်းဟာ လိုင်လီအသင်းနဲ့ နီကိုးလတ်စ်ပီပီအတွက် အလွန်ခိုင်မာတဲ့ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လိုင်လီအသင်းကလည်း ငြင်းပယ်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယင်းကောလာဟလသတင်းတွေဟာ လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခြင်းခံခဲ့ရပြီး လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ်အက်ဒွပ်ဟာ လိုင်လီနည်းပြ ခရစ္စတိုဖီဂယ်တီယာကို ယခုလအစောပိုင်းက ဖုန်းဆက်ပြီးတော့တောင် လီဗာပူးအသင်းအနေနဲ့ နီကိုးလတ်စ်ပီပီကို စိတ်ဝင်စားခြင်းမရှိကြောင်း ပြောကြားခဲ့တယ်လို့ Goal ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နီကိုးလတ်စ်ပီပီဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းပရိသတ်တွေဟာ ပြေးအားကောင်းသလို ဂိုးသွင်းလည်းကောင်းတဲ့ နီကိုးလတ်စ်ပီပီကို အရခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က