ယူနိုက်တက်ကတော့ သူတို့အိမ်ကွင်းပွဲတွေကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဘောလုံးရပ်ဝန်းသာမက လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပေးနေတာကြောင့်လို့ ဆိုးလ်ရှားက ထောက်ပြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ ဆိုးလ်ရှားက ကမ္ဘာနှင့်အဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ဘောလုံးရာသီတစ်ခုလုံး တိုတောင်းနိုင်တယ်လို့ ဆိုခဲ့တဲ့အကြောင်း BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



ရောဂါဆိုးကြောင့် ကမ္ဘာအဝန်းမှာရှိတဲ့ အားကစားပြိုင်ပွဲတွေ အကုန်လုံးနီးပါး ရပ်နားထားရပြီ ဖြစ်သလို ဘောလုံး ပွဲတွေကိုလည်း ပရိသတ်မပါပဲ ကျင်းပစေမှုတွေ ရှိနေစေပါတယ်။

ယူနိုက်တက်က ဒီကနေ့မှာ ဩစတြီးယားကလပ် LASK အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲကို အစိုးရက ပရိသတ် ၅၀၀ သာ ဝင်ရောက်ခွင့်ပြုထားတယ်လို့လည်းသိရပါတယ်။

“လက်ရှိ အခြေအနေတွေအောက်မှာ ဘောလုံးရာသီတိုနိုင်ပါတယ်၊ဒါကလည်း ကမ္ဘာ့လူဦးရေရဲ့ ကျန်းမာရေး ပြဿနာနဲ့တိုက်ရိုက်သက်ဆိုင်နေတာကြောင့်ပါ။ဘောလုံးရာသီတစ်ခုကို ဘယ်လို အတိုချုံးမလဲဆိုတာကိုတော့ ပညာရှင်တွေအပေါ်မူတည်နေပါတယ်။”လို့ ပြောခဲ့တာပါ။

အကယ်၍ ဘောလုံးရာသီတစ်ခုကို အတိုချုံးပြီး လက်ကျန်ပွဲတွေကို မကျင်းပတော့ပဲ ပွဲတွေရပ်နားလိုက်မယ်ဆိုရင် နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ ပရီးမီးယာလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်ဖို့ ၂ ပွဲသာ နိုင်ဖို့လိုတော့တဲ့ လီဗာပူး ပရိ သတ်တွေ အုံကြွလာနိုင်ပါတယ်။

ကမ္ဘာနဲ့အဝန်းမှာ ဘောလုံးပွဲတွေ ကွင်းပိတ်ကစားစေတာတွေ၊ပွဲရွှေ့တာတွေ လုပ်နေချိန်မှာ ပရီးမီးယားလိဂ်မှာ တော့ ကွင်းထဲကို ပရိသတ်တွေကို ဝင်ရောက်စေရုံသာမက ပွဲရွှေ့မှုလည်း မရှိသလောက်ပါပဲ။

ထူးထူးခြားခြား ပထမဆုံး ပွဲရွှေ့မှုအဖြစ် မန်စီးတီးနဲ့အာဆင်နယ်အသင်းတို့ရဲ့ပွဲသာ ရှိသေးပြီး ဒါဟာ အစလို့လား ထင်မှတ်စရာပါ။

“အခုဟာက ဘောလုံးတစ်ခုတည်းမဟုတ်ပဲ လူ့အဖွဲ့အစည်းအားလုံးနဲ့သက်ဆိုင်နေတာပါ၊ကျွန်တော်တို့ကတော့ အာဏာပိုင်တွေက ကစားစေလို့ ကစားသင့်ရင် ကစားမယ်၊မကစားစေလို့ မကစားသင့်ရင် မကစားပါဘူး။အခုချိန် မှာတော့ လေ့ကျင့်ခန်းတွေကို ပရိသတ်မပါပဲ ပြုလုပ်နေသလို အချို့ ခြေစမ်းပွဲတွေလည်း ကွင်းပိတ်ကစားဖို့ ရှိ ပါတယ်။”လို့ ဆိုးလ်ရှားက ဆက်လက်ဆိုပါတယ်။

ယူနိုက်တက်ကတော့ သူတို့ အသင်းရဲ့ အိမ်ကွင်းပွဲစဥ်တွေကို မူလသတ်မှတ်ထားတဲ့ အတိုင်း ပုံမှန်ကျင်းပမြဲ ကျင်းပသွားမယ်လို့ မနေ့က(ဗုဒ္ဓဟူး)တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

ဆိုးလ်ရှားပြောသလို ဘောလုံးရာသီတစ်ခုလုံး စောစီးစွာ ရပ်နားသွားရင် ချန်ပီယံဆုတွေ၊အောင်မြင်မှုတွေ အားလုံး ဆိုင်းငံ့ခံရမှာ ဖြစ်သလို မည်သို့ မည်ပုံ ပြန်လည်စတင်မယ်မှန်းအတိအကျမသိနိုင်သေးတဲ့ အခြေအနေမှာ နောက်ထပ် ဆိုးကျိုးတွေ ထပ်မံ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က