နောက်ဆုံး ၆ နှစ်မှာ အာဆင်နယ်က အက်ဖ်အေဖလား ၃ ကြိမ် ရထားပါတယ်။

အာဆင်နယ်အသင်းက အိမ်ကွင်းဧည့်ခံ ကစားမှာဖြစ်ပြီး ဒီပွဲကိုတော့ မြန်မာစံ‌တော်ချိန် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၂ နာရီခွဲမှာကစားမှာပါ။

ဒီကနေ့ညမှာကစားမယ့် လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမတိုင်မီ အသင်းသားတွေကို အာဆင်နယ်နည်းပြချုပ် အာတီတာက အနိုင်ရလိုစိတ်ပြင်းထန်ပြီး ဖလားနဲ့ပတ်သက်လို့ စိတ်ထဲအစွဲကြီးကြဖို့ ဆော်ဩခဲ့တယ် လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



“ဖလားကို စိန်ခေါ်ဖို့ လိုပါတယ်၊ဒီဖက်နှစ်အနည်းငယ်လောက်က ကျွန်တော်တို့ အက်ဖ်အေ ကို ၄ နှစ်အတွင်း ၃ ကြိမ်တောင်ရခဲ့တာပါ။ဒါကြောင့် ဒီဖလားနဲ့ ပတ်သက်ပြီး အလေးအနက်ထား ကစားဖို့ လိုပါတယ်။”လို့ အာတီတာက ပြောလာတာပါ။

အာတီတာက အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်သလို ကစားသမားဘဝမှာ အက်ဖ်အေဖလားကို ပိုင်ဆိုင်ဖူးသူလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အက်ဖ်အေဖလားကို ၁၃ ကြိမ်တိတိ ရယူထားဖူးပြီး အအောင်မြင်ဆုံး အသင်းအဖြစ် အင်္ဂလန်မှာရပ်တည်နေတာပါ။

အခု ရင်ဆိုင်ရမယ့် လိဒ်ယူနိုက်တက်နဲ့ ပွဲမှာတော့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ချမ်ဘာ ဒဏ်ရာကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်သလို နောက်ထပ် အဓိက ကစားသမားတွေဖြစ်တဲ့ ဟတ်တာ ဘယ်လာရင်နဲ့ မာတီနယ် လီတို့လည်း တံကောက်ကြော ဒဏ်ရာကိုယ်စီကြောင့် လွဲချော်အုံးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က