loading...

loading...

loading...

၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် တန်းပြန်တက်ခဲ့တာပါ။
Pyae Phyo Thein

ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၆-၀၇ ဘောလုံးရာသီက နောက်ဆုံးကစားခဲ့တာဖြစ်ပြီးတော့ အဆိုပါရာသီက နောက်ဆုံးပွဲမှာ ဝီဂန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ရှက်ဖီးယူနိုက်တက်အသင်းဟာ လိဒ်နဲ့ အက်စတန်ဗီလာတို့ သရေကျခဲ့တဲ့ ပွဲအပြီး ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် ရရှိသွားခဲ့ပြိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ နော်ဝှစ်ချ်က တိုက်ရိုက်တန်းတက်ခွင့်အတွက် သေချာခဲ့ပြီးနောက်မှာ လက်ကျန်တိုက်ရိုက်တစ်နေရာကို ရှက်ဖီးယူနိုက်တက်တို့ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ကျန်တစ်ပွဲအလိုမှာပဲ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှက်ဖီးတို့ တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရှက်ဖီးက အက်ဆွစ်အသင်းကို (၂-ဝ)နဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပြီး လိဒ်ယူနိုက်တက်ရဲ့ ပွဲစဉ်ရလဒ်ကို စောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။ ရှက်ဖီးက ရမှတ် (၈၈)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လိဒ်ကတော့ သရေကျသွားခဲ့လို့ (၈၃)မှတ်သာ ရှိခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၆-၀၇ ဘောလုံးရာသီက နောက်ဆုံးကစားခဲ့တာဖြစ်ပြီးတော့ အဆိုပါရာသီက နောက်ဆုံးပွဲမှာ ဝီဂန်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။ လက်ကျန်တစ်ပွဲသာ လိုနေချိန်မှာ ရှက်ဖီးက ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့

နော်ဝှစ်ချ်နဲ့ (၃)မှတ်သာ ကွာဟနေပြီး ချန်ပီယံရှစ်ဖလားကို ရရှိနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။

လိဒ်နဲ့ ဗီလာတို့ရဲ့ ပွဲကတော့ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ပွဲချိန်အတွင်းမှာ နှစ်ဖက်အသင်းကြား ပြသနာဖြစ်ပွားခဲ့ပါတယ်။ ဗီလာကစားသမားတစ်ဦး ဒဏ်ရာရရှိသွားခဲ့လို့ ဗီလာကစားသမားတွေက ပွဲကို ရပ်တန့်ဖို့ ပြုလုပ်ခဲ့ပေမယ့် လိဒ်ယူနိုက်တက်ကတော့ ပွဲကိုဆက်လက်ကစားခဲ့ပြီး

ဂိုးသွင်းခဲ့အပြီးမှာ နှစ်ဖက်အသင်းကြားမှာ ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပွဲအခြေအနေကို ကွင်းလယ်ဒိုင်က ထိန်းချုပ်ခဲ့ရပြီးနောက် ဗီလာကစားသမားတစ်ဦး အနီကတ်ပြထုတ်ပယ်ခံခဲ့ရကာ လိဒ်အနေနဲ့ ဗီလာကို သွင်းဂိုးတစ်ဂိုး ပြန်လည်သွင်းယူခွင့်ပြုခဲ့ရပါတယ်။ အာဂျင်တီးနားနာမည်ကျော်နည်းပြ ဘီယဲလ်ဆာရဲ့ အသင်းဟာ ရာသီသိမ်းခါနီးမှာ

ခြေချော်ခဲ့လို့ Play off ကစားခွင့်နဲ့သာ ကျေနပ်ရတော့မှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ Play off ကစားခွင့်ကို လိဒ်ယူနိုက်တက်၊ ဝက်ဘရွန်းစ်နဲ့ အက်စတန်ဗီလာတို့ ရရှိထားပြီး လက်ကျန်တစ်နေရာအတွက် ဒါဘီအသင်းနဲ့ မစ်ဒယ်ဘရော့တို့ ယှဉ်ပြိုင်ရတော့မှာပါ။ ဒါဘီက မစ်ဒယ်ဘရော့ထက် တစ်ပွဲလျော့ကစားထားပြီး ရမှတ် (၇၀)စီနဲ့ တူညီနေတာ ဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် လမ်းပတ်ရဲ့ ဒါဘီက အခွင့်အလမ်းပိုမိုကောင်းမွန်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က