ဒီနေ့ညမှာ ပွဲစဉ် (၁) အဖြစ် ကစားသွားကြမှာပါ။
Pyae Phyo Thein

လက်ရှိချန်ပီယံလီဗာပူးလ်အသင်းဟာ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲအဖြစ်ရှိနေခဲ့ပါတယ်။ 


ဒီနေ့ကစားရတော့မယ့် လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင်မှာ လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းကို သတိပေးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ လက်ရှိချန်ပီယံလီဗာပူးလ်အသင်းဟာ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တစ်ပွဲအဖြစ်ရှိနေခဲ့ပါတယ်။ 

၁၆ နှစ်ကြာအပြီးမှာ ပထမဆုံးသောပရီးမီးယားလိဂ်ပွဲကို လိဒ်ယူနိုက်တက်တို့ကစားရမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ရမယ့်အသင်းက လီဗာပူးလ်အသင်းဖြစ်နေပြီး အန်ဖီးလ်ကွင်းမှာကစားရမှာဖြစ်တာကြောင့် ခက်ခဲမှုတွေကတော့ ပြည့်နှက်နေမှာပါ။ ဒီအချိန်မှာ ကလော့ပ်က ပြိုင်ဘက်အသင်းကို ဘဝက ထင်သလိုသက်တောင့်သက်သာမဖြစ်ဘူးဆိုတာကို ပြသသွားမယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ 

"လိဒ်ယူနိုက်တက်အပေါ်မှာ ကျွန်တော်အများကြီးလေးစားမှုရှိပါတယ်၊ ဒါပေမယ့် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်၊ အန်ဖီးလ်က ပရိသတ်တွေမရှိရင် အန်ဖီးလ်မပီသဘူးလို့ မာဆယ်လိုဘီယဲလ်ဆာက ပြောခဲ့ပါတယ်၊ သူပြောတာမှန်ပါတယ်၊ တစ်ဖက်တည်းကြည့်မယ်ဆိုရင်ပေါ့၊ ဒါပေမယ့် အန်ဖီးလ်က အန်ဖီးလ်ဖြစ်နေဆဲပါ၊ ကျွန်တော်တို့ရဲ့အိမ်ပါ၊ ကျွန်တော်တို့က လီဗာပူးလ်ပါ"

"ဒါကခြိမ်းခြောက်မှုမဟုတ်ပါဘူး၊ ရာသီပထမဆုံးပွဲဖြစ်ပြီး လိဒ်အတွက်လည်း အခွင့်အရေးကြီးအများကြီးရှိပါတယ်၊ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်ကစားရဖို့ သူတို့အချိန်အကြာကြီးစောင့်ခဲ့ရလို့ပါ၊ အခု အရာရာတိုင်းက အသစ်ဖြစ်နေပြီးတော့ အဲဒီအတွက် သူတို့တိုက်ပွဲဝင်ပါလိမ့်မယ်၊ ကျွန်တော်တို့ကလည်း အလုပ်ကိုအကောင်းဆုံးလုပ်ဖို့ အသင့်ဖြစ်ပြီး သူတို့ကို သက်တောင့်သက်သာမဖြစ်စေဖို့အတွက် ဖန်တိးလုပ်ယူသွားမှာပါ" လို့ ကလော့ပ်က ပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ဒီပွဲကတော့ ရာသီအဖွင့်ပွဲ၊ ပြီးခဲ့တဲ့ရာသီမှာ သက်ဆိုင်ရာလိဂ်ချန်ပီယံတွေဖြစ်ခဲ့တဲ့ အသင်းနှစ်သင်း၊ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ဖို့ ပထမဆုံးခြေလှမ်း၊ လိဒ်အတွက်တော့ ၁၆ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ပွဲ အစရှိတဲ့ အချက်တွေကြောင့် စိတ်ဝင်စားစရာကတော့ တော်တော်လေးကောင်းနေပြီဖြစ်ပါတယ်။ 


Author


က္က