၁၆ နှစ်ကြာ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

နာမည်ကျော်အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက်ဟာ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ တန်းဆင်းပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်မရောက်ရှိတော့တာဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၄၁ပွဲကစားအပြီးမှာ ရမှတ် ၇၈ မှတ်နဲ့ အဆင့်တစ်နေရာမှာ ရပ်တည်နေပါတယ်။ နာမည်ကျော်အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့ဖူးတဲ့ လိဒ်ယူနိုက်တက်ဟာ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ တန်းဆင်းပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်မရောက်ရှိတော့တာဖြစ်ပါတယ်။ 

နည်းပြဘီယဲလ်ဆာလက်အောက်မှာ တိုးတက်မှုတွေရှိလာခဲ့တဲ့နောက် လိဒ်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့ နီးစပ်တဲ့အနေအထားမှာသာရှိနေခဲ့ပြီး ဝေးကွာနေခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အကောင်းဆုံးပုံစံတွေနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ကို ရောက်ရှိလာဖို့ အနီးစပ်ဆုံးဖြစ်နေခဲ့ပါပြီ။ 

လက်ကျန်ငါးပွဲသာ လိုတော့ချိန်မှာ လိဒ်က ၇၈ မှတ်၊ ဝက်ဘရွန်းစ်က ၇၇ မှတ်၊ ဘရန်းဖို့ဒ်က ၇၂ မှတ်၊ ဖူလ်ဟမ်က ၇၀ မှတ်၊ နော်တင်ဟမ်ဖောရက်စ်က ၆၈ မှတ် နဲ့ ကာဒစ်က ၆၄ မှတ်ရရှိပြီး ထိပ်ဆုံးခြောက်နေရာမှာ အသီးသီးရပ်တည်နေခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ပရီးမီးယားလိဂ်ကို တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ လက်ကျန်ငါးပွဲမှာ ၁၀ မှတ်ရရှိဖို့သာ လိုအပ်တော့တာဖြစ်ပါတယ်။

လက်ကျန်ပွဲတွေအဖြစ် လိဂ်ယူနိုက်တက်ဟာ စတုတ်၊ ဆွမ်ဆီး၊ ဘန်စ်လေ၊ ဒါဘီ၊ ချာလ်တန်တို့ကစားရမှာဖြစ်ပါတယ်။ အိမ်ကွင်းပွဲတွေအဖြစ် စတုတ်၊ ဘန်စ်လေ နဲ့ ချာလ်တန်တို့ကိုရင်ဆိုင်ရမှာဖြစ်လို့ အခွင့်အရေးကောင်းတွေပိုမိုရရှိထားပြီး တန်းတက်နိုင်မယ့် အနေအထားမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ နှစ်ပေါင်း ၁၆ နှစ်ကြာဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ကို လိဒ်ယူနိုက်တက်တို့ ပြန်လည်တက်ရောက်နိုင်မှာလားဆိုတာက အဖြေပေါ်ဖို့ သိပ်မလိုတော့ပါဘူး။ 


Author


က္က