ချဲလ်ဆီးအနေနဲ့ လာမယ့်ရက်သတ္တပတ်အတွင်း လေ့ကျင့်မှုတွေပြန်စဖို့ရှိနေပါတယ်။
Win Kyaw Min

အမှတ်ပေးလိဂ်ပွဲစဉ်တွေ၊ ပြည်တွင်း ရှုံးထွက်ပွဲစဉ်တွေအားလုံးကို သြဂုတ်လမတိုင်မီ အပြီးကျင်းပရဖို့ရှိနေတာ လည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြလမ်းပတ်က မကြာမီပြန်လည်ပြုလုပ်တော့မယ့် လေ့ကျင့်ရေးအစီအစဉ်တွေအတွက်အသင့်ဖြစ်ေ နပြီဖြစ်သလို ကစားသမားတွေဘက်ကလည်း အပြည့်အဝအာရုံစိုက်ပေးဖို့တောင်းဆိုခဲ့တဲ့အပြင်လက်ကျန်ရာသီ ပွဲစဉ်တွေပြီးတာနဲ့ ရာသီသစ်အတွက် ပြင်ဆင်ရဖို့ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှုကိုdailymailက ဖော်ပြလာ ပါတယ်။

ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ဇွန် ၁၂ရက်မှာပြန်လည်ကျင်းပဖို့ သဘောတူထားတာဖြစ်ပြီး အသင်းေ တွအနေနဲ့လည်း လာမယ့်ရက်ပိုင်းအတွင်း လေ့ကျင့်မှုတွေပြန်လည်စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး သတ်မှတ်ထား တဲ့ စည်းကမ်းတွေအတိုင်း လေ့ကျင့်ပြင်ဆင်ကြတော့မှာပါ။



“ ရာသီလက်ကျန်ပွဲစဉ်တွေပြန်စမယ့်အပေါ် လက်ခံကြိုဆိုပါတယ်။ ရှေ့့ပိုင်းကပြောခဲ့သလို ပွဲပြန်စလိုတဲ့ရည်ရွ ယ်ချက်တစ်ခုတည်းနဲ့တော့ ပေးဆပ်မှုမကြီးမားဖို့မျှော်လင့်ရမှာပါ။ သေချာတာတစ်ခုကတော့ ရာသီသိမ်းလက် ကျန်ပွဲတွေပြီးတာနဲ့ ရာသီသစ်အတွက်ပြင်ဆင်ရမှာပါ။ ရက်သတ္တပတ် ၆ပတ်လောက်အနားယူခဲ့ပြီးဖြစ်တဲ့အတွ က် ရာသီသစ်အတွက် ကြိုပြီးပြင်ဆင်သင့်ပါတယ် ” လို့ နည်းပြလမ်းပတ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေအတွင်း အက်ဖ်အေဖလားပွဲစဉ်တွေပါဝင်နေသလို ပထမအကျော့က ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့်ဒုတိယ အကျော့ပွဲစဉ်တွေပါဝင်နေတာကြောင့် နည်းပြလမ်းပတ်ကိုယ်တိုင်က အသင်းသားတွေကို တိုက်တွန်းမှုတွေပိုပြီး ပြုလုပ်နေခဲ့တာပါ။

COVID-19 ရောဂါကြောင့် ကာလရှည်ကြာအနားပေးထားတဲ့ ပွဲစဉ်တွေကို အချိန်တိုအတွင်း အပြီးကျင်းပဖို့သ ဘောတူခဲ့ခြင်းက ထိပ်တန်းကစားသမားများအတွက် အခက်အခဲဖြစ်လာနိုင်ပြီး နိုင်ငံ့အသင်းပွဲစဉ်တွေ၊ ရာသီ သစ်ပွဲစဉ်တွေ၊ ဥရောပပွဲစဉ်တွေကြောင့် ပွဲပန်းမှုပြဿနာနဲ့ဒဏ်ရာပြဿနာများပြားမှုများကို ရင်ဆိုင်ရဖို့ရှိလာနိုင် ပါတယ်။


Author

  • Win Kyaw Min

က္က