ခေါင်းကိုထိမှန်တယ်လို့ ထင်ခဲ့ရပေမယ့် လက်နဲ့ကာခဲ့တာပါ။
Pyae Phyo Thein

ဒီကလန်ရိုက်ရဲ့ အလွတ်တည်ကန်ဘောက ဧရိယာအတွင်းမှာရှိနေတဲ့ ပေါ့ဂ်ဘာရဲ့ မျက်နှာတည့်တည့်ဆီကို ဝင်လာခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်လူက လက်နဲ့ဆန့်ထုတ်ကာကွယ်ခဲ့တာဖြစ်ပါတယ်။


ဝက်စ်ဟမ်းနဲ့ပွဲမှာ ဘောလုံးကိုလက်နဲ့ကာကွယ်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းဂယ်ရီနဗီးလ်က ပွဲတင်ဆက်နေတဲ့အချိန်အတွင်းမှာပဲ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ရူးသွပ်မိုက်မဲပြီး ဦးနှောက်မရှိတဲ့လုပ်ရပ်လို့ နဗီးလ်က ပြောဆိုခဲ့တဲ့အထိ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။ 

ဒီကလန်ရိုက်ရဲ့ အလွတ်တည်ကန်ဘောက ဧရိယာအတွင်းမှာရှိနေတဲ့ ပေါ့ဂ်ဘာရဲ့ မျက်နှာတည့်တည့်ဆီကို ဝင်လာခဲ့ပြီးနောက် ပြင်သစ်ကွင်းလယ်လူက လက်နဲ့ဆန့်ထုတ်ကာကွယ်ခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်အားဖြင့် မျက်နှာကိုထိမှန်ပြီးလဲကျတယ်လို့ ထင်ခဲ့ရပေမယ့် အနှေးပြကွက်တွေအရ လက်နဲ့ကာကွယ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီအတွက် ယူနိုက်တက်ဟာလည်း ပယ်နယ်တီပေးခဲ့ရပြီး ဂရင်းဝုဒ်ရဲ့ချေပဂိုးကြောင့်သာ သရေကျခဲ့တာဖြစ်ပါတယ်။ နဗီးလ်ဟာ ဒီအဖြစ်အပျက်အတွက် တော်တော်လေးဒေါသထွက်နေခဲ့ပြီးတော့ ပေါ့ဂ်ဘာကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားကတော့ သူ့ကစားသမားဘက်ကနေ ကာကွယ်ပေးခဲ့တယ်လို့လည်း talkSPORT က ဖော်ပြခဲ့ပါတယ်။

နဗီးလ်က "သူ့ခေါင်းကို ကာကွယ်ခဲ့ပြီးတော့ ပယ်နယ်တီတစ်ကြိမ်ပေးလိုက်ပါတယ်၊ သူ့ဆီကနေ စိတ်ပျက်စရာကိုမြင်လိုက်ရတာပါ၊ တကယ့်အမှိုက်ပါပဲ၊ သူ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ သူ့ ခေါင်းကိုထိမှန်သွားခဲ့တယ်လို့ ခံစားခဲ့ရတာပါ၊ တကယ်ရှက်စရာပါပဲ၊ ဦးနှောက်မရှိသူတစ်ဦးဖြစ်ပြီး အဲဒါက ပယ်နယ်တီပါပဲ"

"ဒီလိုလုပ်ရမှာမဟုတ်ပါဘူး၊ သူ့ရဲ့လုပ်ရပ်ကို မေ့ထားလို့မရပါဘူး၊ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ ၁၅ မိနစ်မှာပိုပြီးကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ အနှေးပြကွက်တွေမှာတော့ ပေါ့ဂ်ဘာဟာ သူ့ရဲ့လုပ်ရပ်အတွက် သူကိုယ်တိုင်နောင်တရနေပုံပေါ်ခဲ့ပြီး အသင်းဖော်တွေကို တောင်းပန်ခဲ့တယ်လို့လည်း မက်ဂွိုင်းယားက ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


Author


က္က