ယခုနွေရာသီမှာ အသင်းကနေ မရမကထွက်ခွာဖို့ စီစဉ်နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ လက်စတာစီးတီးကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားဟာ လက်စတာစီးတီးကို စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့ပြီဖြစ်ပြီး ၎င်းရဲ့အိပ်မက်ဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ခွင့်ပြုစေချင်နေတယ်လို့ The Sun သတင်းက ဖော်ပြပါတယ်။

အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး လက်စတာစီးတီးက ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေးကိစ္စကို ဆွေးနွေးနေပါတယ်။



မန်ချက်စတာယူနိုက်တက်က ယခုနွေရာသီမှာ ဟယ်ရီမက်ဂွိုင်းယားအတွက် ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီးဖြစ်ပြီး လက်စတာစီးတီးက ပယ်ချခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်က ဗန်ဒိုက်အတွက် လီဗာပူးပေးချေခဲ့တဲ့အတိုင်း ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်တော့မယ်လို့ သိရပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ လက်စတာစီးတီးအသင်းရဲ့ ဆွေးနွေးညှိနှိုင်းမှုနည်းဗျူဟာကို စိတ်မရှည်နိုင်ဖြစ်နေပြီး ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို မရမကပြောင်းရွှေ့ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားဟာ သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရောက်ရှိလာမယ်ဆိုရင် အသင်းကနေ ထွက်နိုင်ဖို့အတွက် လက်စတာစီးတီးနဲ့ လူကြီးလူကောင်းဆန်ဆန် သဘောတူညီမှုရယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က