loading...

loading...

loading...

ဗြိတိန်ကျွန်းစုနိုင်ငံတွေအတွင်း ကူးစက်ခံလူနာများတွေ့ရှိထားပြီလည်းဖြစ်ပါတယ်။
Win Kyaw Min

အီတလီစီးရီးစီအသင်းများတွင် ရောဂါကူးစက်ခံထားသူများရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

နယူးကာဆယ်အသင်းအနေနဲ့ ကမ္ဘာ့အနှံ့အပြားတွင် ကူးစက်ခံရသူများ ပိုတိုးလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာ ယ်ကြောင့် အသင်းဝန်ထမ်းတွေအကြား ကျန်းမာရေးအသိ၊ အမြင်များ ဖြန့်ဝေခြင်းနဲ့အတူ စတင်တပ်လှန့်ဆော င်ရွက်နေပြီဖြစ်တယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသင်းတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ နယူးကာဆယ်အသင်းသားများ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင်တွေအပြ င် အသင်းနဲ့ပတ်သက်သူအားလုံး တစ်ဦးနဲ့တစ်ဦးလက်ဆွဲနှုတ်ဆက်ခြင်းကို ပိတ်ပင်ခဲ့တာဖြစ်ပြီး ရောဂါကူးစက် ခံရနိုင်တဲ့အခြေအနေအားလုံးအပေါ် သတိထားဆောင်ရွက်ကြဖို့ အတည်ပြုချက်ထုတ်ပြန်ခဲ့တာပါ။



“ လက်ဆွဲနှုတ်ဆက်ခြင်းဆိုတာ နေ့တိုင်းပြုလုပ်နေကြလုပ်ဆောင်မှုတစ်ခုပါ။ လေ့ကျင့်ရေးအစီအစဉ်ပြီးတိုင်း လက်ဝါးခြင်းရိုက်ကြတဲ့ “ hi 5 ” အပြုအမူဆိုတာကလည်း နေ့စဉ်အပြုအမူတွေထဲက တစ်ခုလို့ပြောလို့ရပါ တယ်။ ဒါပေမဲ့ အသင်းဆရာဝန်ရဲ့ သတိပေးချက်အရ အားလုံးရှောင်ရှားရတော့မှာပါ ” လို့ နယူးကာဆယ် အသင်းနည်းပြစတိဗ်ဘရုစ်က ဆိုခဲ့ပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုများတွင် ဗြိတိန်နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်တဲ့အခြေအနေများ ရှိလာခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အသင်းတွေလို ပရိသတ်အခိုင်အမာရှိထာတဲ့အသင်းတွေအနေနဲ့ ကာကွယ်မှု များကို တာဝန်ရှိသူများနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အာဏာပိုင်တွေက တောင်းဆိုထားတယ်လို့လည်း သိရပါ တယ်။

နယူးကာဆယ်အသင်းဆေးအဖွဲ့အနေနဲ့ ရောဂါကူးစက်ခံရနိုင်တဲ့အခြေအနေကို ရှောင်ရှားနိုင်ဖို့အတွက် လေ့ကျ င့်ရေးကွင်း၊ ကစားသမားနားနေခန်း၊ လူအများစုလာရောက်နိုင်တဲ့နေရာအားလုံးကို ကာကွယ်ဆေးဖြန်းခြင်းလုပ် ငန်းများလုပ်ဆောင်ဖို့ရှိနေတယ်လို့လည်း အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။


loading...

က္က